မူဝါဒချိုးဖောက်တာကြောင့်လို့ဆိုပါတယ်။

နာမည်ကြီး ရုရှားလူမှုကွန်ရက် VKontakte (VK) ဟာ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို မူဝါဒချိုးဖောက်မှုကြောင့် ယာယီဆိုင်းငံ့ပိတ်သိမ်းထားတယ်လို့ဆိုပါတယ်။

9babfc1e_7ac1_4151_975b_545653089a26.jpg

Photo: Swarajya

 

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က Facebook မှ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ဆောင်တယ်ဆိုပြီး ဖယ်ရှားခဲ့တဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားလူမှုကွန်ရက် VK မှာ အကောင့်သစ်ဖွင့်လှစ်ခဲ့တာပါ။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ VK အကောင့်ဟာ ၄၈ နာရီအတွင်း followers ပေါင်း ၂၀၀၀ ကျော် ရှိခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှာ followers ပေါင်း ၃၇၀၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။ 

VK ဟာ မြန်မာ ၊ ရုရှားနဲ့အင်္ဂလိပ်အပါအဝင် သုံးစွဲသူများအတွက် ဘာသာစကားပေါင်းစုံ ပံ့ပိုးထားတာ ဖြစ်ပြီး လုပ်ဆောင်ချက်အရ Facebook နဲ့အတော်လေးကို တဆင်ပြီး သတင်းအချက်အလက် မျှဝေခြင်း ၊ ပုံတင်ခြင်း  ၊ page ထောင်ခြင်း ၊ အပြန်အလှန်စကားပြောနိုင်ခြင်းများ လုပ်ဆောင်နိုင်တဲ့ လူမှုကွန်ရက်တစ်ခုလည်း ဖြစ်ပါတယ်။

အနည်းဆုံး သုံးစွဲသူ သန်း ၅၀၀ ကျော် ရှိထားတဲ့ VK ဟာ ရုရှားမှာ နာမည်အကြီးဆုံး လူမှုကွန်ရက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ လူအကြည့်အများဆုံး ဝက်ဘ်ဆိုက်စာရင်းမှာ နံပါတ် ၉ နေရာမှာ ရှိတယ်လို့SimilarWeb မှာ ဖော်ပြထားပါတယ်။

Facebook မှ သြဂုတ်လ ၂၇ ရက်နေ့ကြေငြာချက်နဲ့အတူ followers ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကို ဖယ်ရှားလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ Facebook ကနေ VK ကို ပြောင်းလဲ သုံးစွဲသူ ၄ သောင်းခန့်ရှိပြီလို့ဒေါက်တာ နေဇင်လတ်က  သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။

Photo: MakeUseOf

 

ယခုအချိန်မှာတော့ VK မှ သူ့ရဲ့ စာမျက်နှာဖြစ်တဲ့ https://vk.com/seniorgeneralminaunghlaing မှာ VK ရဲ့ စည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ယာယီပိတ်သိမ်းထားတယ်လို့ဖော်ပြထားပါတယ်။ VK ကတော့ ဘယ်လိုမျိုး စည်းမျိုး ချိုးဖောက်မှုတွေ လုပ်ဆောင်ထားကြောင်း အသေးစိတ် မထုတ်ပြန်ရသေးပါဘူး။

Share

Loading Next Article...
က္က