ယာဉ်မောင်းကတော့ လိုက်ပါနေဦးမှာပါ

Google ရဲ့ မောင်းသူမဲ့ကားပရောဂျက်တစ်ခု ဖြစ်တဲ့ Waymo ကတော့ ယာဉ်မောင်းမလိုတဲ့ တက္ကစီတွေ ငှားနေပြီ ဖြစ်ပါတယ်။ Waymo ဟာ မောင်းသူမဲ့ကားတွေကို ၂၀၁၇ ဧပြီကတည်းက စတင် စမ်းသပ်ပြေးဆွဲခဲ့တာပါ။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F893783%2F73a24727-3d9e-4e95-8f92-88327a674235.jpg

Photo: mashable



အခုချိန်မှာတော့ Waymo ရဲ့ အလိုအလျောက်မောင်း တက္ကစီတွေကို အရီဇိုးနားပြည်နယ် ၊ ဖီးနစ်မြို့နဲ့တစ်ဝိုက်က မြို့တွေ ဖြစ်တဲ့ ချန်ဒလာ ၊ တန်ပီ ၊ မီဆာနဲ့ဂီလ်းဘတ်တို့မှာ ငှားရမ်းစီးနင်းနိုင်ပြီလို့ဆိုပါတယ်။တစ်ခုရှိတာက ဒီကားတွေမှာ ကားကို ကြီးကြပ် ထိန်းကျောင်းပေးဖို့ယာဉ်မောင်းပါဦးမှာ ဖြစ်ပါတယ်။

ယာဉ်မောင်းကလည်း ဒါရိုက်ဘာခုံမှာပဲ အသင့်လိုက်ပါပေးရမှာပါ။ ကားငှားမယ့်သူဟာ Waymo One app ကနေ ကားငှားနိုင်မှာပါ။ app ကတော့ Uber တို့Grab တို့လို ကိုယ်ရောက်နေတဲ့ နေရာကနေ သွားလိုရာနေရာကို ရှာပြီး book လုပ်ရတာ ဖြစ်ပါတယ်။

"မောင်းသူမဲ့ နည်းပညာဆိုတာ လူတော်တော်များများအတွက် နားစိမ်းနေဦးမှာပါ။ ဒီတော့ ကျွန်တော်တို့ဘက်က သူတို့ကို ခရီးတစ်လျှောက် သက်တောင့်သက်သာနဲ့အဆင်ပြေစေဖို့ဂရုစိုက်ထားပါတယ်" လို့Waymo ရဲ့ CEO ဂျွန်ကရာဖ်ကစ်က ဆိုပါတယ်။

ကရာဖ်ကစ်ရဲ့ အဆိုအရ Waymo ရဲ့ တက္ကစီ ဝန်ဆောင်မှုဟာ ကနဦးအဆင့်အနေနဲ့လက်ရွေးစင် လူတစ်ချို့အတွက်ပဲ ခွင့်ပြုထားသေးတယ်လို့ဆိုပါတယ်။ လတ်တလောမှာ ဒီဝန်ဆောင်မှုကို လူတိုင်း ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်မလားဆိုတာကိုလည်း ပြောမထားသေးပါဘူး။ ကုမ္ပဏီအနေနဲ့တစ်ဆင့်ချင်း သွားဖို့လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း အရီဇိုးနားပြည်နယ်မှာ စမ်းသပ်နေတဲ့ Waymo ရဲ့ မောင်းသူမဲ့ကားဟာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ Waymo ထုတ် Chrysler Pacifica ကားဟာ ရှေ့က ကားတိုက်မှုကို ရှောင်ရင်းနဲ့ထိခိုက်မှု ဖြစ်ပွားခဲ့တာပါ။ Waymo အနေနဲ့နောက်ပိုင်းမှာ မောင်းသူလုံးဝ မလိုတဲ့ ကားတွေကိုပါ ဝန်ဆောင်မှု ပေးနိုင်ဖို့ရှိပါတယ်။

Share

Loading Next Article...
က္က