AD
AD
AD
play
ဂျာမန်သုတေသီများရဲ့ အဆိုအရ App ရဲ့ ဆာဗာကိုင်တဲ့ ဘယ်သူမဆို Group admin ရဲ့ ခွင့်ပြုချက်မလိုဘဲ သီးသန့် group chats ထဲကို အဖွဲ့ ဝင်သစ်တွေ ထည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ secret group chat ထဲ အဖွဲ့ ဝင်သစ် ရောက်လာတာနဲ့ ရှိပြီးသား အဖွဲ့ ဝင်များဟာ အဲဒီအဖွဲ့ ဝင်သစ်အတွက် secret keys တွေ အလိုအလျောက် ထုတ်ပေးလိုက်တာပါ။ ဒါမှသာ အဖွဲ့ ဝင်သစ်ဟာ နောက်လာမယ့် မက်ဆေ့ခ်ျသစ်တွေအကုန်လုံးကို ဖတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ အထဲမှာ ပြောမယ့် အရေးကြီးမက်ဆေ့ခ်ျတွေကို ဒီလူကနေ သိနိုင်မှာ ဖြစ်ပါတယ်။
WhatsApp ရဲ့ ဟာကွက်ကို ထောက်ပြခဲ့တဲ့ ဂျာမန်အိုင်တီလုံခြုံရေးသုတေသီ ပေါလ်ရို့ စ်လာကတော့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိတဲ့ စာပို့ စနစ်သုံးလိုသူများအနေနဲ့ Signal လိုမျိုး သီးခြား private message service တစ်ခုခုကို သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ လုံခြုံရေးအမြင်အရ ကြည့်မယ်ဆိုရင်တော့ WhatsApp ရဲ့ ဒီပြဿနာဟာ စိတ်ပူစရာ  လုံခြုံရေးပြစ်ချက်ဖြစ်ပေမယ့် Facebook ကတော့ ဒီအတွက် စိတ်ပူဖို့ မရှိဘူးလို့ တုန့် ပြန်ထားပါတယ်။ Facebook ရဲ့ လုံခြုံရေးအရာရှိချုပ် အဲလ်လက်စတာမို့ စ်ကတော့ သူ့ ရဲ့ Twitter စာမျက်နှာမှ တစ်ဆင့်  WhatsApp Group Chats ထဲကို ဝင်ဖို့ လျှို့ ဝှက်နည်းရယ်လို့ မရှိပါဘူးလို့ ပြောထားပါတယ်။
play
WhatsApp ရဲ့ ဆာဗာကို WhatsApp ရဲ့ အိုင်တီဝန်ထမ်းများ ၊ တရားဝင် access ရခွင့် တောင်းထားတဲ့ အစိုးရအဖွဲ့ ဝင်များ နဲ့ high-level ဟက်ကာများပဲ ထိုးဖောက်နိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာ WhatsApp ကို နေ့ စဉ် သုံးစွဲသူ သန်း ၁၀၀၀ ကျော်ရှိလာပြီ ဖြစ်ပြီး နေ့ စဉ် စာပို့ မှုပေါင်းကတော့ သန်းပေါင်း ၅၅၀၀၀ အထိ ရှိနေတယ်လို့ လည်း သိရပါတယ်။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD