စိတ်ဝင်စားစရာ အချက်လေးတွေပါ။

တစ်ခါက ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်လာခဲ့တဲ့ ၊ အခုချိန်မှာ ကုမ္ပဏီသက်တမ်း ၈ နှစ်ပဲ ရှိသေးတဲ့ ဒီကုမ္ပဏီဟာ အရှေ့ကမ္ဘာရဲ့ Apple အဖြစ် တင်စားခံခဲ့ရဖူးပါတယ်။

ဒီနေ့အချိန်ထိ တန်ဖိုးသင့် mid-range ဖုန်းတွေထဲမှာ အကောင်းဆုံး brand ကို ပြောပါဆိုရင် Xiaomi ကိုပဲ ညွှန်းကြပေမယ့် တကယ်တမ်းမှာတော့ Xiaomi နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အချက်ကလေးတွေလည်း ရှိနေပါတယ်။ အခုပြောသွားမှာက Xiaomi အကြောင်း စိတ်ဝင်စားစရာ မှတ်တမ်းတစ်ချို့ပဲ ဖြစ်ပါတယ်။

 

(၁) ဂင်းနစ်စံချိန်တင်တဲ့ စမတ်ဖုန်းကုမ္ပဏီ

Xiaomi-Guiness-World-Record-1000x630.jpeg

photo: Android Authority

 စမတ်ဖုန်း အရောင်းသွက်လွန်းလို့ဂင်းနစ်စံချိန်တင်သွားတဲ့ ကုမ္ပဏီကို ကြားဖူးတဲ့သူ ရှားမှာပါ။ Xiaomi က အဲသလိုမျိုး ကုမ္ပဏီတစ်ခုလည်း ဖြစ်နေပါတယ်။ Xiaomi တည်ထောင်ပြီး ၅ နှစ်ပြည့်တဲ့၂၀၁၅ တုန်းက Xiaomi ရဲ့ အွန်လိုင်းစတိုးဖြစ်တဲ့ Mi.com တစ်နေရာတည်းပေါ်ကနေ ၂၄ နာရီအတွင်း စမတ်ဖုန်းပေါင်း ၂၁၁၂၀၁၀ လုံးအထိ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီစမတ်ဖုန်းရောင်းအားနဲ့အတူ စမတ်အိမ်သုံးပစ္စည်းပေါင်း ၇၇၀၀၀၀ ၊ စမတ်တီဗွီပေါင်း၃၈၆၀၀ စံချိန်တင် ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း ယွမ် ၂.၀၈ ဘီလျံ (ဒေါ်လာသန် း ၄၂၀ ခန့် ) ကို တစ်ရက်တည်းနဲ့ရှာနိုင်ခဲ့တာပါ။ ဒါဟာ ဖောက်သည်ပေါင်း ၁၄.၆ သန်းကနေ Xiaomi ပရိုမိုရှင်းပွဲကာလအတွင်း ဝက်ဘ်ဆိုက်ပေါ် ရှိသမျှအကုန် ဝယ်သွားတာလို့ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

 

(၂) Xiaomi ရဲ့ အမြတ်ပမာဏ ကန့်သတ်ချက်က ?

Xiaomi-profit-cap-1000x667.jpg

photo: Android Authority

  ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ရသမျှ ဝင်ငွေထဲက အခွန်ဆောင်ပြီး အသားတင်အမြတ် ၅%အထိပဲ အမြဲတမ်း သတ်မှတ်ထားရှိသွားမယ်လို့ကုမ္ပဏီရဲ့ CEO လိုင်ဂျန်က ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကြေငြာခဲ့ပါတယ်။ အမြတ်ငွေလို့ဆိုရာမှာလည်း ကုမ္ပဏီရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ စမတ်ဖုန်းကနေ စမတ်အိမ်သုံးထုတ်ကုန်တွေအထိ hardware ပစ္စည်းမျိုးစုံက ရတဲ့ ငွေတွေကနေ တွက်ချက်သွားမှာပါ။

အမြတ်ငွေ လျှော့ထားတဲ့ သဘောကတော့ Xiaomi ရဲ့ အွန်လိုင်းစတိုးတွေကနေ ပစ္စည်းများများ ရောင်းတဲ့ စီးပွားရေးမော်ဒယ်ကို အခြေပြုထားတာ ဖြစ်လို့ဈေးနည်းနည်းနဲ့စမတ်ဖုန်းများများ စားစား ရောင်းရအောင်လို့ပါ။

 

(၃) ဒေါ်လာသန်းနဲ့ချီတန်တဲ့ mi.com ရဲ့ domain name

-1x-1_1280x853.jpg

photo: Bloomberg

 ၂၀၁၄ မှာ Xiaomi ဟာ mi.com ဆိုတဲ့ domain name ကို ဒေါ်လာ ၃.၆ သန်းနဲ့ဝယ်ခဲ့ပါတယ်။ အရင်က ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဟာ Xiaomi.com လို့ခေါ်ပါတယ်။ domain name လေး တစ်ခုအတွက်နဲ့ဘာလို့ဒီလောက်အထိ အကုန်အကျ ခံခဲ့တာလဲ။

တရုတ်မှာတော့ Xiaomiလို့အသံထွက်ဖို့က ပြဿနာမဟုတ်ပေမယ့် တရုတ်စကားအသုံးအနှုန်းနဲ့စိမ်းသူတွေက Xiaomi ကို အသံထွက်ရ ခက်တဲ့ ပြဿနာ ရှိနေတာကြောင့် ကမ္ဘာ့ဈေးကွက်ကို ဦးတည်တဲ့ Xiaomi ဟာ mi.com အတွက် ဒေါ်လာသန်းနဲ့ချီပြီး domain name ဝယ်ခဲ့တာပါ။ ပြောရရင် အွန်လိုင်းအခြေပြု ကုမ္ပဏီတစ်ခုကနေ ကုန်ပစ္စည်းတစ်ခုကို ဝယ်ဖို့အတွက် ကုမ္ပဏီဝက်ဘ်ဆိုက်ဟာ လူတိုင်းပါးစပ်မှာ လွယ်လွယ်နဲ့ရှင်းရှင်းလေး ခေါ်လို့ရအောင်လို့လည်း ဖြစ်ပါတယ်။

တကယ့် အံ့သြစရာကောင်းတာက insurance.com ဆိုတဲ့ ဝက်ဘ်ဆိုက်ဆိုရင် domain name တစ်ခုအတွက် ဒေါ်လာ ၃၅.၆ သန်း အထိ အကုန်အကျခံခဲ့ပြီး သမိုင်းမှာ ဈေးအကြီးဆုံး domain name ဝယ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

(၄) Xiaomi ရဲ့ လိုဂိုက ဘာကို ဆိုလိုတာလဲ

s.marketwatch.compublicresourcesMWimagesMW-GI430_xiaomi_ZG_20180502212230-fbf35266b2827989b1252bff88b19819836018f9.jpg

photo: markettamer

 လိမ္မော်ရောင်ကုဗတုံးလေးရဲ့ မျက်နှာစာတစ်ခုချင်းမှာ mi ဆိုတဲ့ အဖြူရောင်နဲ့ရိုးရှင်းနေတဲ့ Xiaomi logo ဟာ အတော်လေး ထူးခြားပါတယ်။ လူတိုင်းမျက်စိထဲ စွဲသွားစေဖို့ပဲ ဒီ logo ကို ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး။ တကယ်လို့ဒီလိုဂိုကို ပြောင်းပြန် ပြန်ကြည့်ရင် နှလုံးသား လို့အဓိပ္ပါယ်ရတဲ့ တရုတ်စကားလုံး ရပါတယ်။

နောက်တစ်ခုက လိုဂိုမှာ ပါတဲ့ Mi ဆိုတာ Mobile Internet ကို ပြောတာ ဖြစ်သလို Mission Impossible ဆိုတဲ့ နောက်တစ်မျိုးလည်း အဓိပ္ပါယ်ယူနိုင်ပါတယ်တဲ့။ ဒါဟာ ကုမ္ပဏီကို စပြီး တည်ထောင်တဲ့ ၂၀၁၀ ကာလက စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့တာကိုလည်း ပြန်အမှတ်ရစေဖို့ပါ။ တကယ့် Xiaomi ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က little rice ဆန်ကလေးလို့ပြောရင် ရပါတယ်။

 

(၅) ထူးထူးခြားခြား စမတ်ထုတ်ကုန်တွေနဲ့Xiaomi

Xiaomi-toothbrush-1000x500.jpg

photo: Android Authority

 Xiaomi ဆိုရင် Mi series ၊ Mi Max ၊ Mi Mix ၊ Redmi စတဲ့ စမတ်ဖုန်းတွေနဲ့ပဲ လူသိများပေမယ့် ဈေးကွက်မှာ အံ့သြစရာ lifestyle products တွေလည်း ထုတ်လုပ်ရောင်းချပါသေးတယ်။ ဥပမာ- စမတ်မီးသီး ၊ လုံခြုံရေးကင်မရာ ၊ စမတ်အပြေး ဖိနပ် ၊ လျှပ်စစ် စကူတာ ၊ ထမင်းပေါင်းအိုး ၊ လျှပ်စစ်သွားတိုက်တံ ၊ ခရီးသွားခေါင်းအုံး ၊ ခရီးဆောင်အိတ် ကနေ ဘော့ပင်အထိ လျှပ်စစ်ပစ္စည်း အစုံပလုံလည်း ထုတ်လုပ်ထားတာပါ။

ဒါတွေကတော့ လူသိနည်းတဲ့ Xioami အကြောင်း အချက်အလက်တွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Xiaomi ဟာ ဟောင်ကောင်မှာ IPO ရှယ်ယာရောင်းချမှု စတင်နေပြီး ဒေါ်လာ ဘီလျံ ၁၀၀ အထိ တန်တဲ့ ကုမ္ပဏီဖြစ်ဖို့မျှော်မှန်းထားပါတယ်။

Share

Loading Next Article...
က္က