နိုင်ငံပေါင်း ၁၆၀ ကျော်က ဓါတ်ပုံပေါင်း ၇၀၀၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Xiaomi ရဲ့ ဓါတ်ပုံပြိုင်ပွဲမှာ မြန်မာမှ ကိုညီသုတမှ အမေရိကန်ဒေါ်လာ ၁၀၀၀၀ တန် Silver Award ဆု ရရှိသွားတယ်လို့ သိရပါတယ်။
Xiaomi Photography Challenge ဓါတ်ပုံပြိုင်ပွဲမှာ အလတ်တန်းစား ကျောဘက် ကင်မရာ ၂ လုံးပါ Xiaomi Mi A1 စမတ်ဖုန်းသုံးပြီး ကင်မရာဓါတ်ပုံစွမ်းရည် ပြိုင်ရတာပါ။ ပြိုင်ပွဲမှာ ဓါတ်ပုံတွေကို ဘယ်Third Party software ( Lightroom , Photoshop) တွေနဲ့ မှ ပြင်ခွင့်မပေးခဲ့ဘဲ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး အိန္ဒိယမှ ၂ ဦး ၊ အင်ဒိုနီးရှားမှ ၂ ဦး ၊ ဗီယက်နမ်နဲ့ မြန်မာက ၁ ဦး စီ စုစုပေါင်း ၆ဦး ဆုရခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာလတွင်းက စတင် မိတ်ဆက်ခဲ့တဲ့ Xiaomi Mi A1 ဟာ Google ရဲ့ Android One ပရောဂျက်နဲ့ ပေါင်းပြီး ပထမဆုံးထုတ်ခဲ့တဲ့ Google Assistant ပါ Xiaomi စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက်မှာ 12MP ကင်မရာနှစ်လုံး သုံးထားပါတယ်။ ဒီဖုန်းမှာ ပါတဲ့ tele lens တွေဟာ 2x optical zoom ဆိုနိုင်သလို ဒီထက်ဝေးတဲ့ နေရာတွေအတွက် 10x digital zoom ဆွဲ ရိုက်နိုင်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ မြန်မာငွေ ၃ သိန်း ဝန်းကျင်ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။