AD
AD
AD

ရုရှားအစိုးရကနေ ပံ့ပိုးပေးထားတဲ့ ဟက်ကာတွေရဲ့ ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ၂၀၁၄ ခုနှစ်ထဲမှာ Yahoo အကောင့်ပေါင်း သန်း ၅၀၀ ရဲ့ အချက်အလက်များ ပေါက်ကြားခဲ့မှုဟာ အခုဆို အရေးယူတဲ့အဆင့်ကို ရောက်လာပြီ ဖြစ်ပါတယ်။

play

 

တစ်ကမ္ဘာလုံးက Yahoo ဝန်ဆောင်မှုသုံးနေတဲ့ အကောင့်ပေါင်း သန်း ၅၀၀ ထဲမှာ ယူကေမှ အကောင့်ပေါင်း ၈ သန်းကျော်လည်း ပေါက်ကြားခဲ့မယ်လို့ ယူဆခဲ့ပြီး ယူကေ သတင်းအချက်အလက်ကော်မရှင်နာ ရုံးကနေ ဒဏ်တပ်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ရောက်မှ သိရတဲ့ ဒေတာပေါက်ကြားမှုမှာ Yahoo အကောင့်ပိုင်ရှင်များရဲ့ အမည် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ စကားဝှက်နဲ့ လုံခြုံရေး မေးခွန်းနဲ့ အဖြေများ ပါဝင်ခဲ့တာပါ။ အချက်အလက်ကာကွယ် စောင့်ကြည့်ရေးဌာနရဲ့အဆိုအရ Yahoo ဟာ ယူကေမှာရှိတဲ့ အကောင့်ပေါင်း ၈ သန်းကျော်ကို ရုရှားဟက်ကာများလက် ပါမသွားအောင် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ICO ကတော့ ယခုဒဏ်တပ်မှုဟာ ယူကေမှ Yahoo ဝန်ဆောင်မှုများနဲ့ Sky ဆိုတဲ့ အမှတ်တံဆိပ်ခွဲနဲ့ ဝန်ဆောင်မှုကို ရယနေတဲ့ အကောင့်ပေါင်း ၅၁၅၁၂၁ ခုနဲ့ ဆက်စပ်ပြီး ဒဏ်တပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Yahoo ဟာ ၂၀၁၃ ခုနှစ်ထဲမှာ အကောင့်ပေါင်း သန်း ၁၀၀၀ ရဲ့ အချက်အလက်များ ပေါက်ကြားခဲ့ပြီး သမိုင်းမှာ အကြီးမားဆုံး ဒေတာပေါက်ကြားမှု ကြုံတွေ့ ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD