ရန်ကုန်မြို့ တွင်း ဘတ်စ်ကား ၊ သဘောင်္နဲ့ မီးရထား စတဲ့ အများပြည်သူ ခရီးသွားလာရေးအတွက် ငွေပေးငွေချေစနစ်သစ်ဖြစ်တဲ့ Yangon Payment Services (YPS) အတွက် Excel KC Myanmar Co.Ltd မှ တင်ဒါအောင်မြင်သွားတယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ ဟာ YPS အတွက် ကတ်စနစ်ငွေချေလုပ်ငန်းအတွက် ဆန်ကာတင် ရွေးချယ်ခံရသည့် တင်ဒါအောင်ကုမ္ပဏီများစာရင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့ မှာ ကြေငြာခဲ့ပါတယ်။ ဒုတိယအဆင့် တင်ဒါအောင်မြင်သည့် REP Type (A) Turnkey Solution မှ ကုမ္ပဏီ ၇ ခု နှင့် REP Type (B) YPS Existing Backend System မှ ကုမ္ပဏီ ၇ ခု စုစုပေါင်း ၁၄ ခုရှိပြီး ဆန်ကာတင် အဆင့်မှာောတ့ AnyPay Payment Services Co.Ltd ၊ Asia Starmar Transport Intelligent Co.Ltd နဲ့ Excel KC Myanmar Co.Ltd ကုမ္ပဏီ ၃ ခု ရှိခဲ့တာပါ။ ဒီထဲကမှ နောက်ဆုံးအဆင့် တင်ဒါကိုတော့ Excel KC Myanmar Co.Ltd မှ တင်ဒါအောင်သွားခဲ့တာ ဖြစ်ပြီး ယခုလထဲက စပြီး လုပ်ငန်းစတင်သွားဖို့ ရှိနေပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီအနေနဲ့ စာချုပ်စာတမ်းညှိနိုင်းမှုအတွင်း အဆင်မပြေခြင်း ၊ ပျက်ပြယ်ခြင်း များ ဖြစ်ပေါ်လာပါက ကျန် ကုမ္ပဏီ ၂ ခုထဲမှ ၁ ခုကို ထပ်မံစိစစ်ရွေးချယ်သွားမယ်လို့ လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video