Facebook ကို ဘေးကင်းကင်း သုံးနိုင်ဖို့ရည်ရွယ်ထားတာပါ

မြန်မာဘာသာအပါအဝင် ဘာသာစကားပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ Facebook Youth Portal တစ်ခုကို ပြီးခဲ့တဲ့ လလယ်ပိုင်းက မိတ်ဆက်ခဲ့ပါတယ်။

 

ဒီ Youth Portal ဟာ Facebook သုံးစွဲသူ လူငယ်တိုင်း လုံခြုံစွာ အသုံးပြုနိုင်ဖို့လိုအပ်တဲ့ tools တွေ ပါရှိပြီးၤ ဆယ်ကျော်သက်လူငယ် Facebook users တွေအတွက် သိထားသင့်တဲ့ လူမှုကွန်ရက် အတွေ့အကြုံများကို မျှဝေပေးသွားမယ်လို့ဆိုပါတယ်။ Youth Portal နာမည်တပ်ထားပေမယ့်လည်း Facebook သုံးစွဲသူတိုင်းအတွက် အခြေခံကျတဲ့ လမ်းညွှန်ချက်များပါရှိပါတယ်။ ဥပမာ- Facebook မှာ အချက်အလက် လုံခြုံရေးအတွက် ဘယ်လို စကားဝှက်ပုံစံမျိုး သုံးသင့်တယ် ၊ Two-factore ကို ဘယ်လို activate လုပ်ထားမယ်ဆိုတာအပြင် spam မှန်း ဘယ်လို သိအေင် လုပ်မလဲဆိုတဲ့ tips လေးတွေပါ ညွှန်းပြီး share ထားကြတာပါ။

Youth Portal မှာ Facebookကို စိတ်ချလက်ချ သုံးရင်း page တွေ ၊ Groups တွေနဲ့လူတွေဆီက အချက်အလက်တွေ ဘယ်လို ရယူမလဲဆိုတဲ့ ပညာပေးကဏ္ဍ ၊ ကမ္ဘာအရပ်ရပ်က Facebook သုံးသူများရဲ့အသံ ၊ Facebook ပေါ်မှာ လုံခြုံမှု ရှိအောင် ဘယ်လို နေရမယ် ၊ content တွေ report ပေးရမယ်ဆိုတဲ့ နည်းလမ်းများကဏ္ဍနဲ့အကြံပြုချက်များလည်း ပါဝင်လာပါတယ်။ ဒီ portal မှာ မြန်မာနိုင်ငံမှ လူငယ်အသုံးပြုသူများအတွက်ပါ ရည်ရွယ်ပြီး မြန်မာဘာသာနဲ့ပြန်ဆိုထားသလို အခြား ဘာသာစကားပေါင်းများစွာနဲ့လည်း ပြန်ဆိုပေးထားပါတယ်။

 

Facebook ဟာ လူမှုကွန်ရက်စံနှုန်းဆိုင်ရာ အသိပညာပေး ကြော်ငြာကမ်ပိန်းအတွက်လည်း အသိပညာပေးမှုများ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဒီကမ်ပိန်းဟာ ပြည်တွင်းလူမှုကွန်ရက်သုံးစွဲသူ ၂.၅ သန်းကျော်ဆီ ရောက်ရှိပြီး ဖြစ်တယ်လို့လည်း Facebook မှ ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က