Android ၊ iOS နှစ်မျိုးစလုံးအတွက် ဖြန့်ချိသွားမှာပါ

ကုမ္ပဏီသက်တမ်း ၈ နှစ်ပြည့်ပြီ ဖြစ်တဲ့ Instagram ဟာ ကမ္ဘာကျော် video-streaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့ YouTube ကို စိန်ခေါ်နိုင်မယ့် အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

[No available link text] 

တစ်ကမ္ဘာလုံးမှာ လစဉ်သုံးစွဲသူ သန်း ၁၀၀၀ ရှိလာပြီ ဖြစ်တဲ့ Instagram ဟာ IGTV ဆိုတဲ့ app သစ်ကို ပွဲထုတ်သွားမှာ ဖြစ်ပြီး ဒီ app ပေါ်မှာ ၁ နာရီအထိ ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တွေ တင်နိုင်တော့မှာ ဖြစ်ပါတယ်။ IGTV ဟာ YouTubeလိုမျိုး အလျားလိုက်ဗွီဒီယိုတွေ မဟုတ်ဘဲ ထောင်လိုက် full screen ဗွီဒီယိုတွေတင်ပေးမှာပါ။ ဒီ app မှာလည်း သုံးစွဲသူတိုင်းဟာ ကိုယ့်ဘာသာ သီးသန့် channel ဖွင့်ထားနိုင်သလို တစ်ခြားဗွီဒီယိုဖန်တီးသူတွေရဲ့ channel မှာလည်း ဝင်ပြီး Follow လုပ်ကာ ကြည့်ရှုနိုင်မယ်လို့ဆိုပါတယ်။

standalone app အနေနဲ့လာတဲ့ IGTV ကို သုံးစွဲသူများဟာ သူတို့ရဲ့ profile မှာလည်း စက္ကန့်၆၀ စာ ဗွီဒီယိုအတိုလေးများကို တင်နိုင်မှာ ဖြစ်သလို Instagram Stories မှာလည်း ၁၅ စက္ကန့်စာ ဗွီဒီယိုဖိုင်တင်ခွင့် ပေးသွားမှာပါ။ IGTV မှာ For You ၊ Following ၊ Popular နဲ့Continue Watching စတဲ့ ကဏ္ဍများလည်း ထည့်သွင်းထားမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် ကြည့်ရှုနိုင်မယ်လို့ဆိုပါတယ်။ ဗွီဒီယိုကြည့်ရတဲ့ ဒီဇီုင်းမှာတော့ IGTV ဟာ Instagram ပေါ်က live video တွေကြည့်ရသလိုမျိုး ခံစားရမှာ ဖြစ်ပြီး ကြည့်ရှုနေစဉ် comment ပေးနိုင်မှာပါ။

 

Instagram ဟာ ဒီ app ကို Android နဲ့iOS နှစ်မျိုးစလုံးအတွက် ဖြန့်ချိသွားမှာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဖြန် ချ့ိသွားဖို့စီစဉ်ထားပါတယ်။

Share

Loading Next Article...
က္က