ထောက်ခံမဲ့ ၈၅ မဲ နဲ့ကန့်ကွက်မဲ ၁၀မဲရှိခဲ့ပါတယ်။

၇ နှစ်ကြာ အမေရိကန် supply chain များနဲ့စီးပွားရေးအဆက် ဖြတ်ခံထားရတဲ့ ZTE အတွက် အခြေအနေဟာ အဆိုးဘက်မှာပဲ ရှိသေးတယ်လို့ဆိုရမှာပါ။ မကြာသေးခင်က အမေရိကန်နဲ့စီးပွားရေး ပြန်လုပ်ခွင့်အတွက် ထရမ့်အစိုးရအဖွဲ့နဲ့အကြိုသဘောတူညီမှု ရထားတဲ့ ZTE ကို ယခင်အတိုင်း ဆက်လက်ပိတ်ဆို့အရေးယူသွားဖို့လွှတ်တော်အမတ်များမှ မဲပေးခဲ့တယ်လို့ဆိုပါတယ်။

 

ရီပတ်ဘလစ်ကန်နဲ့ဒီမိုကရက် နှစ်ဘက်ပါတီမှ ဆီးနိတ်လွှတ်တော်အမတ်များဟာ အမျိုးသားအဆင့် ကာကွယ်ရေးအာဏာတည်မြဲမှု အက်ဥပဒေ အရ ZTE ပေါ် ချမှတ်ထားတဲ့ ဥပဒေအတိုင်း ပိတ်ဆို့သွားဖို့မဲကောက်ခဲ့ရာမှာ ၈၅ မဲ ၁၀ မဲ နဲ့သဘောတူခဲ့တာပါ။ မကြာသေးခင်က တရုတ်နဲ့ အမေရိကန်အကြား ZTE ကို sanction ဖယ်ရှားဖို့ဒဏ်ငွေ ဒေါ်လာ ၁ ဘီလျံနဲ့အခြား စည်းမျဉ်းများ ထားရှိဖို့သဘောတူညီချက်ဟာ ဒီမဲရလဒ်ကြောင့် ပြန်ပျက်သွားဖို့ရှိနေပါတယ်။ အမေရိကန်သမ္မတထရမ့်ကိုယ်တိုင်က ZTE ပေါ် ပိတ်ပင်မှုကို ပယ်ဖျက်ဖို့အတော်ကြီးစားထားပေမယ့် ကန် လွှတ်တော်အမတ်များရဲ့ မဲပေးမှုကြောင့် သမ္မတရဲ့ ဗီတိုအာဏာ ပျက်ပြယ်သွားဖို့လည်း ရှိပါတယ်။

ZTE ဟာ အမေရိကန်မှ စီးပွားရေးပိတ်ဆို့အရေးယူထားတဲ့ အီရန်နဲ့မြောက်ကိုရီးယားထံ နည်းပညာများ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပြီးခဲံတဲ့ ဧပြီလကစပြီး အမေရိကန်ကုန်သွယ်ဌာနမှ ကုန်သွယ်ရေးပိတ်ပင်ဒဏ်ခတ်ခံထားရတာ ဖြစ်ပါတယ်။ ယခုလဆန်းပိုင်းက အမေရိကန်အာဏာပိုင်များနဲ့ZTE တို့အကြား အကြိုသဘောတူညီမှုတစ်ခုရခဲ့ပြီး ဒီသဘောတူညီချက်အရ ZTE ဟာ အနည်းဆုံး ဒေါ်လာ ၁.၇ ဘီလျံကျော် ဒဏ်ကြေးဆောင်ရမှာ ဖြစ်ပြီး ကုမ္ပဏီအတွင်း ခေါင်းဆောင်ဘုတ်အဖွဲ့ပါ အသစ်ဖွဲ့စည်းသွားရမယ်လို့ဆိုပါတယ်။ ကန်လွှတ်တော်အမတ်များရဲ့ ကန့်ကွက်မဲသာ အတည်ဖြစ်သွားမယ်ဆိုရင်တော့ ZTE ဟာ စီးပွားရေးပျက်ကပ်ထိပါ ဦးတည်သွားဖို့ရှိနေပါတယ်။

 

လက်ရှိ ဟောင်ကောင် စတော့အိတ်ချိန်းမှာ ZTE ရဲ့ ရှယ်ယာဟာ ၂၃.၆၆% အထိ ထိုးကျနေပြီ ဖြစ်ပါတယ်။ ZTE ထုတ်ကုန်များအတွက် အဓိက ထုတ်လုပ်ပေးနေတဲ့ အမေရိကန် Supplier များနဲ့အဆက်ဖြတ်ခံရပြီးနောက် ZTE ဟာ အနည်းဆုံး ဒေါ်လာ ၃ ဘီလျံကျော် ဆုံးရှုံးထားပြီ းဖြစ်သလို တစ်ပတ်အတွင်း  ZTE ရဲ့ ပင်မလုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ZTE ပေါ် အရေးယူမှုဟာ ၂၀၂၅ ခုနှစ်အထိ ကြာမှာ ဖြစ်လို့ZTE ဟာ ကုမ္ပဏီဖျက်သိမ်းသွားရမလားဆိုပြီး စိုးရိမ်မှုများ မြင့်တက်နေပါတယ်။

Share

Loading Next Article...
က္က