အနှစ် ၂၀ ကျော်ကြာ ဝါရင့် ခေါင်းဆောင်များလည်း ဆင်းပေးလိုက်ရပါတယ်။

ဒေါ်လာ ဘီလျံနဲ့ချီပြီး ဒဏ်တပ်ခံရသလို ကုမ္ပဏီဘုတ်အဖွဲ့တစ်ခုလုံးနှုတ်ထွက်သွားရခြင်းဟာ ZTE အတွက် ကောင်းမွန်တဲ့အပြောင်းအလဲကို ဖော်ဆောင်နိုင်မလား ။

photo: Gizchina

 

ပြီးခဲ့တဲ့ တစ်ပတ် ဇွန်လ ၂၉ ရက်နေ့မှာ ZTE အစုရှယ်ယာဝင်များရဲ့ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပပြီးနောက် ကုမ္ပဏီကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဦးဆောင်ခဲ့သူ Chairman ယင်ယီမင်းအပါအဝင် ဘုတ်အဖွဲ့ဝင် ၁၄ ဦးစလုံးဟာ ရာထူးမှ နှုတ်ထွက်ကြောင်း စာတင်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ZTE ဟာ ကုမ္ပဏီဘုတ်အဖွဲ့ဝင်သစ်များကို အမေရိကန်အစိုးရအဖွဲ့ရဲ့ သဘောထားအတိုင်း လူသစ် ၈ ဦးနဲ့ဖွဲ့စည်းလိုက်ပါတယ်။

ZTE Corporation နဲ့ZTE Kangson Electronics Corporation တစ်ခုလုံးရဲ့ အကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့နဲ့ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ အားလုံးကို လူ ၈ ဦးတည်းနဲ့ကိုင်တွယ်သွားမှာ ဖြစ်ပြီး ဒီလူသစ်တွေထဲမှာ ၅ ဦးဟာ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာ ၃ ဦးနဲ့တစ်ဆင့်ခံဒါရိုက်တာ ၅ ဦး ပါဝင်မှာပါ။

ဘုတ်ဖွဲ့သစ်ရဲ့ သဘာပတိအဖြစ်ကိုတော့ မိုက်ခရို အီလက်ထရောနစ်နည်းပညာ သုတေသနနဲ့ဖွံ့ဖြိုးရေး ဝါရင့် ပုဂ္ဂိုလ် လီဇီကျူးက တာဝန်ယူသွားမယ်လို့ဆိုပါတယ်။ သူကတော့ အမေရိကန်မှာထုတ်လုပ်မှုတွေ ပြန်လည်စတင်နိုင်ဖို့ကုမ္ပဏီရဲ့ ယုံကြည်မှုကို မြှင့်တင်သွားမယ်လို့ပြောကြားထားပါတယ်။

ယခုအချိန်မှာ ZTE ဟာ အမေရိကန်အစိုးရရဲ့ တရားဝင် ခွင့်ပြုချက် ရမရ မသိရသေးပါဘူး။ လက်ရှိအနေအထားအရ ZTE ဟာ US Supplier များရဲ့ ပစ္စည်းများကို မှာယူခွင့်မရတာကြောင့် စီးပွားရေးလုပ်ငန်းများစွာ ရပ်ဆိုင်းထားရသလို ငွေကြေးအရ ထိခိုက်ဆုံးရှုံးမှု အမြင့်ဆုံးမှာ ရှိနေပါတယ်။ ကန်အစိုးရနဲ့ကနဦး သဘောတူညီချက်လက်မှတ်ရေးထိုးထားတယ်ဆိုပေမယ့်လည်း ဆီးနိတ်လွှတ်တော်အမတ်များကတော့ ZTE ကို ခွင့်ပြုချက်မပေးဖို့အပြင်းအထန် ဖိအားပေးဆဲ ဖြစ်ပါတယ်။

ZTE ဟာ အမေရိကန်အစိုးရနဲ့ကနဦး သဘောတူညီချက်ပါ စည်မျဉ်းများအတိုင်း ရက် ၃၀ အတွင်း ဘုတ်အဖွဲ့နဲ့အမှုဆောင် အရာရှိဟောင်းတွေ ထုတ်ပယ်ပြီ ဖြစ်သလို အချိန်မရွေး ရှောင်တခင် စစ်ဆေးခွင့်ပါ ပေးရတော့မှာပါ။ ဒီအချက်တွေအပြင် ZTE ဟာ အနည်းဆုံး ဒေါ်လာ ၁.၇ ဘီလျံ ဒဏ်တပ်ခံရဖို့ရှိနေပါတယ်။

photo:Gizchina

 

ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် အမေရိကန်အစိုးရ ကြည်ဖြူဖို့နဲ့အမေရိကန်နဲ့စီးပွားရေးကူးသန်းအသက်ဆက်ခွင့်က ZTE အတွက် အရေးပေါ်အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က