၁၇% အထိ ခုန်တက်လာခဲ့ပါတယ်။

၂၀၁၈ ပထမ ၆ လအတွက် ZTE ရဲ့ ဆုံးရှုံးမှုဟာ အနည်းဆုံး ယွမ် ၇ ဘီလျံကနေ ၉ ဘီလျံအထိ ရှိနေပါတယ်။ အခုတော့ ZTE အတွက် အကောင်းဘက်ကို ဦးလှည့်လာပြီလို့ဆိုနိုင်ပါတယ်။

photo: gizchina

 

အမေရိကန်ကုန်သွယ်ရေးဌာနဟာ တရုတ်မှ ZTE ကော်ပိုရေးရှင်းပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုဖယ်ရှားလိုက်ပြီးနောက် ZTE ရဲ့ ရှယ်ယာဈေးဟာ ၁၇% ထိ ခုန်တက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အမေရိကန်ကုန်သွယ်ဌာနဟာ ZTE အပေါ် ဒေါ်လာ ၁.၄ ဘီလျံ ဒဏ်တပ်ပြီးနောက် အခုလို ပိတ်ဆို့အရေးယူမှုကို စတင်ဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အချက်အလက်ကော်ပိုရေးရှင်း IDC ရဲ့ အကြီးတန်း သုတေသနမန်နေဂျာ နစ်ခ်ဟေးလ် ဘတ္ထရာကတော့ "ZTE အတွက် ပြန်ကောက်ရမယ့် လမ်းက အဝေးကြီး ရှိပါသေးတယ်။ ဖောက်သည်တွေဆီက ယုံကြည်မှု နဲ့စိတ်ချမှု ပြန်ရဖို့နဲ့Avnet ၊ Qualcomm နဲ့Broadcom တို့လို US suppliers တွေနေရာမှာ အစားထိုးလို့ရမယ့် supplier တွေ ရှာပြီး အမေရိကန်ပေါ် ကိုးစားမှုကို လျှော့ချဖို့ကြိုးစားရဦးမှာပါ" လို့သုံးသပ်ထားပါတယ်။

ZTE အနေနဲ့အမေရိကန်ကုမ္ပဏီများနဲ့လုပ်ငန်းပြန်လက်တွဲနိုင်ခွင့်အတွက် ကုမ္ပဏီရဲ့ ဝါရင့်ဘုတ်အဖွဲ့တစ်ဖွဲ့လုံးကို အပြောင်းအလဲ လုပ်ခဲ့ရပြီး ကုမ္ပဏီ နည်းစနစ်ဗျူဟာတစ်ခုလုံးပါ ပြန်သုံးသပ်သွားရဖို့ရှိနေပါတယ်။ ဟောင်ကောင် စတော့ ဈေးကွက် တနလာၤနေ့အဖွင့်မှာ ZTE ရဲ့ ရှယ်ယာဟာ ၅.၅% ကနေ ၁၇% ထိ တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီ နောက်ဆုံး ရှယ်ယာဈေးထက် ၃၇% ကျဆင်းနေဆဲ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်နဲ့မြောက်ကိုရီးယားနိုင်ငံများထံ နည်းပညာထုတ်ကုန်များ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အမေရိကန်ကုန်သွယ်ဌာနမှ ZTE အပေါ် ၂၀၂၅ ခုနှစ်အထိ ၇ နှစ် ပိတ်ဆို့အရေးယူခဲ့တာပါ။

photo: gizchina

 

သွင်းကုန်ပိတ်ပင်ခံရပြီးနောက် ဧပြီ- ဇွန် ၃ လအတွင်း ZTE ဟာ ယွမ် ၄ ဘီလျံအထိ အရှုံးပေါ်ခဲ့ဖို့ရှိတယ်လို့Jefferies မှ သုတေသီ အက်ဒီဆင် လီက ခန့်မှန်းထားပါတယ်။ အရေးမှုမှ လွတ်ကင်းပြီးနောက် ZTE အနေနဲ့ယခုသီတင်းပတ်အကုန်မှ စပြီး ဖောက်သည်ဝန်ဆောင်မှု ပြန်လည်စတင်သွားဖို့လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က