AD
AD
AD

Telenor ဆင်းမ်ကတ်အသုံးပြုသူတွေအနေနဲ့ ဆင်းမ်ကတ်ပိုင်ဆိုင်မှုစစ်ဆေးခြင်း၊ အချက်အလက် ပြောင်းလဲလိုပါက အမည်ပြောင်းလဲခြင်းတွေကို အွန်လိုင်းကနေပြုလုပ်နိုင်ကြောင်းသိရပါတယ်။

play

 

သုံးစွဲသူတွေအနေနဲ့ဆင်းမ်ကတ် အမည်ပေါက် အခြေအနေကို စစ်ဆေးဖို့ “500” သို့ “REG” လို့ စာတို ပေးပို့ပြီး သော်လည်းကောင်း၊ *979*3*3# ကို ဖုန်းဆက်ပြီးတော့လည်းကောင်း ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ အွန်လိုင်းကနေစစ်ဆေးဖို့ http://ecaf.telenor.com.mm နဲ့ My Telenor App (http://bit.ly/mytelenor24) တို့ကလည်းဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အရောင်းပြခန်း ၉၀ ခန့်မှာလည်းအဲဒီကိစ္စတွေကို ဆောင်ရွက်ပေး နေတယ်လို့ဆိုပါတယ်။

 

မှတ်ပုံတင်ထားတဲ့ နာမည်ကို ပြောင်းလဲချင်တယ်ဆိုရင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားကဲ့သို့သော အသိအမှတ်ပြုကတ်ပြားတစ်ခုခုရဲ့ ရှေ့နဲ့ကျောဘက် မိတ္တူ ကို ဖုန်းနံပါတ်နဲ့ တကွ ပေးပို့ရမှာဖြစ်တယ်လို့သိရပါတယ်။ verification ကုတ် လက်ခံရယူနိုင်ဖို့ ဆင်းကတ် နဲ့ ဖုန်းကို ဖွင့်ထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။

Photos & Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD