Tech: Telenor ရဲ့ တတိယအကြိမ် Internship program စတင်

ပြီးခဲ့တဲ့နှစ်ကတော့ တက္ကသိုလ် ၇ ခုမှ ကျောင်းသား ကျောင်းသူ ၂၆ ဦးကို ရွေးချယ်ခန့် အပ်ခဲ့တာပါ။

တတိယအကြိမ်မြောက် အလုပ်သင်အစီအစဉ်ကို Telenor မှ ပြုလုပ်လိုက်ပြီး အဲဒီအစီအစဉ်မှာ အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ် / ကောလိပ်တွေက ကျောင်းသား ကျောင်းသူ ၂၁ ယောက် ပါဝင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာလမှာ စတင်တဲ့ ယခုအစီအစဉ်အတွက် လျှောက်ထားသူ ၅၀၀ ကျော်ရှိခဲ့ပြီး ဒီထဲကမှ ၂၁ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တက္ကသိုလ် ၇ ခုမှ ကျောင်းသား ကျောင်းသူ ၂၆ ဦးကို Telenor Internship Program ကိုရွေးချယ်လေ့ကျင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ယခု Telenor အလုပ်သင် အရွေးချယ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေဟာ နည်းပညာ ၊ ဈေးကွက်ဖြန့် ချိရေး / ဖော်ဆောင်ရေး ၊ ဝယ်ယူရေး ၊ ကော်ပိုရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ၊ လူမှုအကျိုးပြုအစီအစဉ်နဲ့ စီမံခန့် ခွဲမှုဆိုင်ရာ လုပ်ငန်းကဏ္ဍတွေမှာ လေ့လာသင်ယူကြရမှာ ဖြစ်ပါတယ်။

 

နောက်ထပ် ဒီအစီအစဉ်မှာ ပါဝင်လိုသူတွေအနေနဲ့ လည်း Telenor Myanmar မှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ Telenor ရဲ့ အလုပ်သင်အစီအစဉ်အတွက် သတင်းအချက်အလက်နှင့် နည်း ပညာ (Information Technology)၊ ကွန်ပျုတာ သိပ္ပံ (Computer Sciences)၊ ကွန်ပျုတာ နည်းပညာ (Computer Technology)၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာ (Electronic and Electrical Engineering)၊ စီးပွားရေး စီမံခန့်ခွဲမှု (Business Management)၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု (Human Resources Management)၊ စာနယ်ဇင်း ပညာ (Journalism)၊ လူထုဆက်ဆံ ရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာ (Public Relations and Communications) စတဲ့ ဘာသာရပ်တွေကို အဓိကပြု ထားသူတွေလျှောက်ထားနိုင်မှာ ဖြစ်သလို Telenor ရဲ့ လုပ်ငန်းကဏ္ဍတွေနဲ့ ဆက်စပ်မှုရှိနေတဲ့ တစ်ခြားဘာသာရပ် အဓိကပြုထားသူများလည်း လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ