AD
AD
AD

မြန်မာနိုင်ငံမှာ ပထမဆုံး Mobile ဖုန်းနဲ့ ငွေချေနိုင်မယ့် Touch CB (Contactless Payment ) ဝန်ဆောင်မှုကို CB Bank မှ စက်တင်ဘာလ ၂၁ ရက်နေ့ မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

play
CB Bank / Facebook

 

Capital Hyper Market မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ Touch CB ( Contaless Payment) ငွေချေခြင်း ဝန်ဆောင်မှုကိုပါ လက်တွေ့ သရုပ်ပြခဲ့တာလည်း ဖြစ်ပါတယ်။ Touch CB ဟာ  iPhone ၊ Samsung ဖုန်းတို့နှင့် ပေးချေသည့်နည်းပညာဖြစ်သော ApplePay ၊ SamsungPay ၊ AndroidPay တို့ နဲ့ ငွေချေနိုင်ပြီး လွယ်ကူလျင်မြန်စွာ ငွေချေနိုင်မယ့် ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

 

Touch CB ဝန်ဆောင်မှု မိတ်ဆက်ခြင်း အခမ်းအနားမှာ တက်ရောက်လာတဲ့ ဧည့်သည်များမှ MasterCard/Visa Contactless Card များကို အသုံးပြုကာ Capital Hyper Market ရှိ ငွေရှင်းကောင်တာတွေမှာ လက်တွေ့ ဈေးဝယ်ယူခဲ့ကြပါတယ်။ CB Bank ရဲ့ ဒီဝန်ဆောင်မှုကို "Touch CB” (Contactless Payment) စက်တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ အသုံးပြုနိုင်မယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD