AD
AD
AD

ဂျပန်ရိုးရာ ဆူမိုစက်ရုပ်နပန်းအားကစားပြိုင်ပွဲကို လာမယ့် စက်တင်ဘာလ ၂၂ ရက် သောကြာနေ့ မှာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် UIT ရှိရာ No.14/20 ၊ သန်လွင်လမ်း ၊ ဗဟန်းမြို့ နယ်မှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ဒီပြိုင်ပွဲအတွက် K-Lab Myanmar မှ ကူညီပံ့ပိုးပေးထားပြီး Phoewa Science မှ စီစဉ်ကျင်းသွားမှာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များဟာ Sumo Robot များကို အလိုအလျောက်စနစ်သုံး စက်ရုပ်များအသွင် လှုပ်ရှားနိုင်အောင် Arduino Nano နည်းပညာ ၊ Ultrasonic sensors များနဲ့ Line Tracking Sensor များကို သုံးပြီး တည်ဆောက်သွားရမှာပါ။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းများကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

Sumo Robot Competition 2017 မှာ တက္ကသိုလ်ကျောင်းသား /သူ တိုင်း ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေး သတ်မှတ်မထားဘူးလို့ သိရပါတယ်။ ဒါ့အပြင် Wiring Diagram များ နဲ့ ပရိုဂရမ်များရေးဆွဲရာမှာ ကူညီပေးသွားမှာ ဖြစ်ပြီး ပြိုင်ပွဲမစခင် မနက်ပိုင်းမှာလည်း Sumo Robots များနဲ့ ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ Workshop ပေးသွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲစည်းမျဉ်းအရ Sumo Robots နှစ်ကောင်ဟာ သတ်မှတ်ထားတဲ့ Sumo Ring ကွင်းအပြင်ကို ရောက်အောင် တစ်ခုနဲ့ တစ်ခု တွန်းထိုးတိုက်ခိုက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play
Sumo စက်ရုပ်ပြိုင်ပွဲ မြင်ကွင်းတစ်ခု

 

ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၀ ဦးပါဝင်မှာ ဖြစ်ပြီး ၂ ဦးတစ်ဖွဲ့ စီအနေနဲ့ ၅ ဖွဲ့ ခွဲ ပြိုင်ရမှာပါ။ ပြိုင်ပွဲမှာ ဒီ ၅ ဖွဲ့ ဟာ 3 Rounds စနစ်နဲ့ ပြိုင်သွားရမှာ ဖြစ်ပြီး ကိုယ့်ပြိုင်ပွဲဝင် စက်ရုပ်ကို ကိုယ်တိုင် တည်ဆောက်ရမယ်လို့ ဆိုပါတယ်။ ဆုကြေး အနေနဲ့ အနိုင်ရ ကျောင်းသား ၂ ဦးကို Arduino Kit တစ်ဗူးစီ ချီးမြှင့်သွားမှာ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူတိုင်းအတွက်လည်း လက်ဆောင်ပစ္စည်းများ ပေးအပ်သွားမယ်လို့ သိရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD