AD
AD
AD

စာပို့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Viber ဟာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပူးပေါင်းပြီး ဗန်းစကား စတစ်တာအသစ်များကို စက်တင်ဘာလလ ၂၅ ရက် (ဒီနေ့ ပဲ )စတင်မိတ်ဆက်လိုက်ပါတယ်။

play

 

"Viber ကို အမြဲတမ်းသုံးတဲ့ ကျွန်တော့်အတွက်တော့ ကိုယ်ပိုင် စတစ်ကာတွေ app ထဲမှာ ပါလာတာကို အရမ်းဝမ်းသာမိပါတယ်၊ Viber နဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်ပြီး ဒီ စတစ်ကာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်လို ပုံစံတွေနဲ့ ဘယ်လို စကားတွေကို ပြောမလဲဆိုတာမျိုးတွေကို ပေါ့။ ဒီစတစ်ကာ အသစ်တွေနဲ့ ကျွန်တော့် သူငယ်ချင်းတွေကို ပို့လို့ရတော့မှာဖြစ်ပြီး ကျွန်တော့် ပရိတ်သတ်တွေအနေနဲ့လည်း ကျွန်တော့် စတစ်ကာတွေကို ဖုန်းထဲမှာ သိမ်းထားမယ်လို့ မျှော်လင့်ပါတယ်။” လို့စိုင်းစိုင်းခမ်းလှိုင်ကပြောကြားပါတယ်။

Vieber ရဲ့ အရှေ့တောင်အာရှနှင့် အာရှ တောင်ပိုင်းဒေသ အကြီးအကဲ Mr. Anubhav Nayyar မှလည်း “ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး စက်ဝန်းထဲမှာ Viber က အဓိကနေရာက ပါဝင်နေပါတယ်။ လူမှု မီဒီယာကို အသုံးပြုသူတွေအတွက် စတစ်ကာတွေက မိမိကိုယ်ကို ပုံဖော်တဲ့အခါမှာ ရယ်မောစရာနည်းလမ်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ စိုင်းစိုင်းရဲ့ စတစ်ကာတွေကို အသုံးပြုရတာ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့်လတွေမှာလည်း ကျွန်တော်တို့အနေနဲ့ နောက်ထပ် စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။” လို့  ပြောကြားခဲ့သည်။

 

ဒီနေ့မိတ်ဆက်တဲ့ စတစ်ကာဟာ Viber မှ မြန်မာနိုင်ငံမှာ ပထမဦးဆုံး နာမည်ကြီး အနုပညာရှင်နှင့် တိုက်ရိုက်တွဲဖက် ပြုလုပ်တဲ့ စတစ်ကာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source : Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD