AD
AD
AD

ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Global Technology Group မှ Wireless Broadband Access (4G/LTE) ၀န်ဆောင်မှုပေးသွားတော့မယ်လို့ ဆိုပါတယ်။

 

Myanmar Connect 2017 ပွဲမှာ အတည်ပြု ပြောကြားချက်အရ Global Technology Group အနေနဲ့ လာမယ့် ၂၀၁၈ ခုနှစ် ဧပြီလထဲမှာ ဒီဝန်ဆောင်မှုကို စတင်ပေးသွားဖို့ မျှော်မှန်းထားတယ်လို့ လည်း သိရပါတယ်။

“မြန်မာလူငယ်တွေဟာ နောက်ဆုံးပေါ်ဆက်သွယ်မှုနည်းပညာတွေနဲ့ ပိုပြီးယဉ်ပါးလာပြီး မီဒီယာကို အသုံးပြုရာတွင်လည်း အပြောင်းအလဲများရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ Streaming တွေလည်းပိုခေတ်စားလာတဲ့အတွက် ကျွန်တော်တို့ရဲ့ Broadband ဝန်ဆောင်မှုဝယ်လိုအား ပိုမိုမြင့်တက်လာပါလိမ့်မယ်” လို့ Global Technology Group ရဲ့ နည်းပညာအရာရှိချုပ် (Chief Technical Officer) ဖြစ်သူ Mr. Prasert Laosaengpha က ဆိုပါတယ်။

play

 

ဒီ 4G/LTE ဝန်ဆောင်မှုသစ်ကို နေပြည်တော် ၊ မကွေး ၊ ပဲခူး ၊ မွန် ၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ရှိတဲ့ မြို့ ပေါင်း ၃၀ကနေ စတင်ဝန်ဆောင်မှုပေးသွားမယ်လို့ လည်း ဆိုပါတယ်။ ထပ်ဆောင်း ၀န်ဆောင်မှုအနေ နဲ့ OTT (Over The Top) Platforms တွေကိုလည်း ပေးအပ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

Source : Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD