play

 

အင်းလေးက အရမ်း အရမ်းလှသလို Trip Advisor မှာ ဆုခဏခဏရတဲ့ Resort လေးအကြောင်း ရေးပေးမယ်နော်။ သူ့ဆီ နေမယ်ဆိုရင် ရေလမ်းသာမက ကုန်းလမ်းနဲ့ပါ အရောက်သွားနိုင်ပါတယ်။

play

 

သူ့ထူးခြားချက်က လှေလေးနဲ့ ဟိုတယ်ပရဝုဏ်ထဲ စဝင်ပြီဆိုတာနဲ့ လှေတွေကို စက်သတ်ခိုင်းပြီး ဟိုတယ် ဝင်ထမ်းတွေက ခြေထောက်နဲ့ ဝင်လှော်ပေးပါတယ်။

play

 

သူ့ရဲ့ ဝန်ဆောင်မှုက ထူးခြားလို့ မေးကြည့် တဲ့အခါမှာတော့ ဧည့်သည်တွေ အသံကြောင့် စိတ် အနှောက်အယှက် မဖြစ်စေရန် အတွက်ပါတဲ့။

play

 

ဟိုတယ်ဝင်းထဲ စဝင်ပြန်တော့လည်း ကျေးငှက်သံလေးတွေက ကိုယ့်ကို ကြိုဆို နေလိုက်တာ တကယ့်ကို တောထဲရောက်သွားသလိုပဲ။

play

 

Reception ရောက်တော့ အင်းသား အင်းသူ အချောလေးတွေက ပြုံးပြီးနှုတ်ဆက်နေသေးတယ်။

play

 

ကျွန်မတို့ နေရမယ့် အခန်းကိုရောက်တော့လည်း အိုး ကျယ်လိုက်တာ အခန်းရှေ့မှာက ဝါးပင်လေးတွေ ကြာပန်းတွေ ပွင့်နေတဲ့ ကန်လေးနဲ့။

play

 

အားပါး အပန်းဖြေလို့ ကောင်းမယ်ဆိုတာ အပိုပြောမနေတော့ဘူး။

play

 

အခန်းထဲက ပစ္စည်းတွေကလည်း အကုန်လုံး ကိုယ်ပိုင်ဒီဇိုင်း၊ အခန်းလက်ကိုင်ဘု၊ ရှမ်းစာရွက်နဲ့လုပ်ထားတဲ့ မီးအိမ်၊ မြန်မာဂဏန်းနဲ့နာရီ၊ ညအိပ်ဝတ်စုံက အစ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ အဝတ်နဲ့ ချုပ်ထားတယ်။

play

 

ရေချိုးခန်းထဲက Bath Tab က သစ်သားနဲ့ ဒီဇိုင်းထွင်ထားတယ်။ လှေကလေးထဲ ရောက်နေသလိုပဲ။ environmental friendly ဖြစ်အောင် ပလတ်စတစ် တို့ တစ်သျှူးတို့သိပ်မသုံးဘဲ တော်တော်များများ အဝတ်တို့ ပိတ်တို့ သုံးထားတယ်။

play

အံ့သြမှုတွေက အဲဒီမှာမရပ်သွားသေးဘူး။ အစားစားပြန်တော့လည်း အင်းလေးစာကအစ European Food ထိ အကုန်ကောင်းတာကွယ်။ သူတို့ဆီက ကလေးတွေကို စနစ်တကျ သင်ပေးထားတာတဲ့နော်။

play

 

အဲဒီက ဝန်ထမ်းတွေကလည်း အရမ်းကိုတော်တယ်။ ဘာသာစကား နှစ်မျိုး၊ သုံးမျိုးတတ်သူတောင် ရှိတယ်။

play

 

အနားယူရင်းနဲ့ Spa လုပ်လို့ရအောင်လည်း ဖွင့်ထားပေးသေးတယ်။ ဝန်ထမ်းတွေတော်တော်များများ အိမ်ထောင်ကြသည့်တိုင် အဲဒီမှာနေသည့်အပြင် ဝန်ထမ်းတွေရဲ့ ကလေးတွေအတွက် Nursery School တောင် ရှိတယ်တဲ့ကွယ်။

play

 

ဒီလို ဟိုတယ်ကို ဦးဆောင် အလုပ်လုပ်နေတာ အမျိုးသမီးဆိုတာ သိတဲ့ အခါမှာတော့ ပိုလို့တောင် အံ့သြမိသွားပြန်တယ်။

play

 

ထူးခြားချက်တွေက ရေးလို့တောင် ကုန်မှာ မဟုတ်ဘူး။ အင်းလေးသူ အင်းလေးသား အင်းလေးကန်ကြီး တိုးတက်ဖို့ ဒီဟိုတယ်က အမြတ်ထဲကအချို့ နဲ့ တစ်ဖက်ကနေ ပြန်လုပ်ပေးနေတယ်ဆိုတာတွေပါ တွေ့ရတော့ ဈေးကြီးတယ်လို့မဆိုနိုင်ဘူး။ luxury ကိုမှ ကြိုက်သူတွေ အတွက် အကောင်းဆုံးပါ။

play

 

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်သလို သင့်ရဲ့ပိုက်ဆံတွေဟာ တစ်ဖက်ကလည်း Community (ပတ်ဝန်းကျင်) အကျိုးပြုသူတွေ ဆီရောက်သွားမည့် နေရာမို့ Inle Princess Resort ကို သွားသင့်ပါတယ်လို့။

play

 

ကိုယ်အပိုတွေ မပြောဘူးဆိုတာ သိအောင် ပုံလေးတွေ တစ်ပုံချင်းသာ ကြည့်တော့ကွာ တစ်ပုံချင်းစီမှာ စာလေးတွေ ရေးထားတယ်နော်။ ချစ်သူနဲ့အတူတူ အချိန်ဖြုန်းချင်တယ်။

play

 

စိတ်အေးလက်အေး နားချင်ရင်တော့ ဒီကိုသာ အရောက်လာတည်းပါလို့။

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video