Beauty & Fashion: ကမ္ဘာကျော်မော်ဒယ်တွေရဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနည်း

အဓိကကတော့ ကျန်းမာရေးနဲ့ညီညွတ်တာတွေကို ရွေးချယ်ကြတာပါပဲ။

play

 

ဂျီဂျီဟက်ဒီး

ယနေ့ခေတ်ရဲ့ စူပါမော်ဒယ်တွေထဲမှာ လူကြိုက်အများဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။ ဂျီဂျီပြောတဲ့ ဝိတ်ချနည်းကတော့ ရိုးရိုးလေးပါပဲ။ သန့်ရှင်းတဲ့အစားစာတွေကို စားခြင်းကသာလျှင် ခန္ဓာကိုယ်ကျစ်လျစ်လှပစေတယ်လို့ သူမက ပြောပါတယ်။

play

 

မီရန်ဒါကားရ်

Victoria's Secret အတွင်းခံအမှတ်တံဆိပ်ရဲ့ ပင်တိုင်မော်ဒယ်လေး မီရန်ဒါကားရ်ကို ကြည့်လိုက်တိုင်း အဆီပိုမရှိ ချပ်ရပ်တဲ့ဝမ်းဗိုက်နဲ့ ကောက်ကြောင်းလှတာကို မြင်ရပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာတောင်မှ ကိုယ်အလေးချိန်မတက်အောင် ထိန်းထားနိုင်ခဲ့သူပေါ့။ သူမရဲ့ကိုယ်ခန္ဓာ ခုလိုလှပနေရခြင်းက ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုပဲ စားလို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူမက ဘရိုကိုလီ၊ ဟင်းနုနွယ်တို့လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို နှစ်သက်သူလည်း ဖြစ်ပါတယ်။

Source : Wellnessbin

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ