Beauty & Fashion: အလှပြင်တဲ့ အမျိုးသမီးတွေက လုပ်ငန်းခွင်မှာ ပိုအောင်မြင်ကြ

အချိန်ယူအလှပြင်ခြင်းက အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။

play

 

သာမန်အမျိုးသမီးတွေထက် အချိန်ယူအလှပြင်လေ့ရှိတဲ့အပြင် အလှကုန်ပစ္စည်းတွေအတွက် ငွေကြေးအတန်အသင့် သုံးစွဲတဲ့ အမျိုးသမီးတွေက  လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်လေ့ရှိကြောင်း လေ့လာချက်တစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။

play

 

ချီကာကိုတက္ကသိုလ်က ဂျက်ကလင်းဝေါင်းနဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က အန်ဒရူးပန်နာတို့ နှစ်ဦးပေါင်း လေ့လာခဲ့ရာမှာ ဒီအဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း တစ်သောင်းလေးထောင်ကျော်ရဲ့ အလုပ်အကိုင်အခြေအနေ၊ ဝင်ငွေ၊ လူမှုရေး၊ ပညာရေးတို့ကို လေ့လာမေးမြန်းပြီးနောက် ဒီအဖြေထွက်လာတာပါ။

play

 

လေ့လာချက်အရ အလှပြင်ပြီးသပ်သပ်ရပ်ရပ်ရှိတဲ့သူတွေကို သာမန်လူတွေထက် ပျှမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်ပိုပြီး အခွင့်အရေးနဲ့ ငွေကြေး သို့မဟုတ် လစာငွေ ပေးချင်ကြကြောင်း သိရပါတယ်။ ရုပ်ရည်ချောမောလှပခြင်းနဲ့ ဝင်ငွေက တိုက်ရိုက်အချိုးကျတယ် မဆိုနိုင်ပေမယ့် ဂရုတစိုက်အလှပြင်သူတွေကတော့ လုပ်ငန်းခွင်မှာ ပိုအောင်မြင်ပြီး လစာငွေ ပိုကောင်းတာ လက်တွေ့ဖြစ်ပါတယ်။

Source : Elite

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ