Beauty & Fashion: ခြောက်သွေ့တဲ့ ဆံသားတွေအတွက် ဆန်ဆေးရေနဲ့ပေါင်းတင်နည်း

ငွေလည်းမကုန် ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့ နည်းလမ်းလေးပါ။

play

 

ဆံပင်အရောင် မွဲခြောက်ခြောက်နဲ့ ခြောက်သွေ့တဲ့ဆံသားတွေကြောင့် လှပတဲ့မျက်နှာလေးကိုတောင် သိမ်ငယ်သွားရစေပါတယ်။ ဆံသားတောက်ပြောင်မှုဟာ ဆံပင်အရောင်အားလုံးနဲ့လည်း လိုက်ဖက်ညီတဲ့အရာပါ။ တောက်ပြောင်တဲ့ ဆံကေသာတွေကို ရရှိလိုသူတွေအတွက် စမ်းသုံးကြည့်နိုင်မယ့် ဆံပင်ပေါင်းနည်းလေးတစ်ခုကို Duwun က မျှဝေပါဦးမယ်။

play

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်ဆေးရေ ၁ ခွက်နဲ့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းစာတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ခွက်တစ်လုံးထဲမှာ ရောသွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ တစ်ခေါင်းလုံးနှံ့အောင် ပွတ်လိမ်းပေးရပါမယ်။

play

 

၁၅ မိနစ်ခန့် ထားပြီးမှ ရေဆေးပေးလိုက်ရင် အရင်ကထက် ပိုတောက်ပြောင်လာတဲ့ ဆံကေသာလေးကို အချိန်မကုန်၊ ငွေမကုန်ဘဲ ရသွားပြီပေါ့။ သတိထားရမှာက ဆန်ဆေးရေကိုသုံးရင် ပထဆုံးဆေးလို့ ရလာတဲ့ အရည်ပျစ်ပျစ်ကိုသာယူဖို့ မမေ့ပါနဲ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ