Beauty & Fashion: ကာတွန်းရုပ်လို လှဖို့ခန္ဓာကိုယ် ခွဲစိပ်မှုတွေအပြင် မျက်လုံးပါ အစိမ်းရောင် ပြောင်းခဲ့သူ

အလှအပအတွက် သူမနောက်ဆုံး လုပ်ခဲ့တာတော့ မျက်လုံးကို အစိမ်းရောင် ပြောင်းခဲ့တာပါ။

play

 

စိတ်ကူးအိပ်မက်ထဲက အလှကိုပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တဲ့ ဆွီဒင်မော်ဒယ်တစ်ဦးဖြစ်သူ ဖောက်စ်ဟာ စတာလင်ပေါင် ရှစ်သောင်းကျော် အကုန်ခံခဲ့ပြီးနောက် သူမရဲ့စိတ်တိုင်းကျ အလှကို ရခဲ့ပြီဖြစ်ပါတယ်။

play

 

အခုနောက်ဆုံး သူမလုပ်ခဲ့တာကတော့ ကာတွန်းဇာတ်ကောင်တွေထဲကလို မျက်လုံးစိမ်းစိမ်း ကောင်မလေး တစ်ယောက် အဖြစ်ကို ပိုင်ဆိုင်ရဖို့ပါ။

play

 

နောက်ဆုံးမှာတော့ သူမဟာ မျက်လုံးကို အစိမ်းရောင်အဖြစ် ပြောင်းလဲပစ်ဖို့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါပြီ။ ပြီးပြည့်စုံတဲ့ ကာတွန်းဇာတ်ကောင်တစ်ယောက်ရဲ့ အလှကို ပိုင်ဆိုင်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်ကလည်းသူမဟာ နံရိုးခြောက်ချောင်းထုတ်ပြီး ခွဲစိပ်မှု ခံယူခဲ့ရပါတယ်။

play

 

အကြောင်းကတော့ သဲနာရီလိုပုံစံမျိုး ခန္ဓာကိုယ်ကို ရဖို့အတွက် သေးသိမ်တဲ့ခါးကို ရရှိဖို့ ဖြစ်ပါတယ်။

play

 

သူမရဲ့ နဂိုမျက်လုံးအရောင်က အပြာရောင်ဖြစ်ပါတယ်။ " ကျွန်မက လုံးဝကွဲပြားတဲ့ မျက်လုံးအရာင်ကို လိုချင်တာလေ" လို့ဖောက်စ်က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ