ဈေးကွက်တွင်းမှာ အလှကုန်ပစ္စည်း အမြောက်အများရှိပေမဲ့ သဘာဝနည်းက အကောင်းဆုံးဖြစ်ပါတယ်။
 

၁ - အုန်းဆီ

 

အုန်းဆီဟာ အသားအရေခြောက်သွေ့မှုကို တိုက်ဖျက်နိုင်တာ လူတိုင်းနီးပါး သိပါတယ်။ အုန်းဆီနဲ့ လက်ကို နှိပ်ပေးပြီး တစ်ညထားအိပ်ပါ။

၂ - ရှားစောင်းလက်ပတ်အနှစ်

 

အသားအရေနဲ့ ပတ်သက်လို့ ရှားစောင်းလက်ပတ်ဟာ နာမည်ကြီးပါတယ်။ မအိပ်ခင် လက်တွေကို ရှားစောင်းလက်ပတ်အနှစ်လိမ်းပြီး အိပ်သင့်ပါတယ်။

၃ - ပျားရည်

 

လက်ကို ပျားရည်နဲ့လိမ်းကျံနှိပ်ပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေနွေးနွေးနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

၄ - ဒိန်ချဉ်

 

ဒိန်ချဉ်ကတော့ လက်တစ်အက်ဆစ်ပါဝင်တာကြောင့် ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ ဒိန်ချဉ်လတ်လတ်ဆတ်ဆတ်နဲ့ ငါးမိန်လောက် လက်ကို နှိပ်ပေးသင့်ပါတယ်။ ပြီးတဲ့အခါ ဆယ်မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က