ဖက်တီးမလို့ ဝိုင်းစခဲ့တဲ့သူတွေက အခုတော့ သူမကို ချစ်ရေးဆိုသူတွေ ဖြစ်နေကြပါတယ်။
 

တက္ကဆက်ပြည်နယ် ဆန်မားကို့စ်အရပ်က တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ အရင်က ဖက်တီးမလို့ခေါ်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပေမဲ့ အခုတော့ အားလုံးက ချစ်သူဖြစ်ချင်ကြတဲ့ အလှဘုရင်မတစ်ဦး ဖြစ်နေပါပြီ။

 

အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူမဟာ ၃၁၅ ပေါင်လောက် ရှိခဲ့ရာကနေ အခုတော့ ပေါင် ၁၇၀ လောက်သာ ရှိတော့တဲ့ မိန်းမချောလေး တစ်ဦးဖြစ်နေပါပြီ။ အမ်မာပုပ် လို့ခေါ်တဲ့သူမကို ကျောင်းမှာ ဖက်တီးမဆိုပြီး ခေါ်ခဲ့တဲ့ ကျောင်းသားတွေက  အခုသူမနဲ့ ချိန်းတွေ့ဖို့ အမြဲကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ သူမက ဒီအမျိုးသားအားလုံးကို ငြင်းပယ်ထားဆဲပါ။

 

အရင်က သူမကို အနိုင်ကျင့်ခဲ့သူတွေရဲ့ တောင်းပန်မှုကိုလည်း အခုအခါ မကြာခဏ ရရှိလျက်ရှိတယ်လို့ အမ်မာက ပြောပါတယ်။ မယုံနိုင်လောက်အောင် ဝိတ်ကျသွားခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ပီဇာလိုမျိုး ကယ်လိုရီများတဲ့ အရန်သင့်အစားအစာတွေ စားသုံးခြင်းက ရှောင်လိုက်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

Source : The Sun

Share

Loading Next Article...
က္က