သူမကတော့ ကင်မ်ကာဒါရှီယန်နဲ့ နှိုင်းယှဉ်ခံရတာ မကြိုက်ဘူးလို့ ပြောပါတယ်။
 

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ရုရှားအလှမယ်တစ်ဦးဟာ ကောက်ကြောင်းအလှကြောင့် လူမှုကွန်ရက်မှာ နာမည်ကျော်လာပြီး နှစ်ဝက်လောက်အတွင်းမှာ အင်စတာဂရမ်ပရိသတ် သိသိသာသာ တိုးပွားလာပါတယ်။

 

သူမဟာ နာမည်ကျော်ဆယ်လီ ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်လုံးနဲ့ ခပ်ဆင်ဆင်ဖြစ်နေလို့ ရုရှားကင်မ်ကာဒါရှီယန်ဆိုပြီး လူမှုကွန်ရက်မှာ လူသိများပါတယ်။ ဒါပေမဲ့ သူမကတော့ ကင်မ်ကာဒါရှီယန်ကို သဘောကျပေမဲ့ ကင်မ်ကာဒါရှီယန်နဲ့ နှိုင်းတာကိုတော့ မကြိုက်ဘူးလို့ ပြောပါတယ်။

 

ကင်မ်ဟာ သူ့ရဲ့နောက်မှာ အများကြီးကျန်ခဲ့ပြီလို့ အင်စတာဂရမ်မှာ Follower ၄.၄ သန်းရှိတဲ့ အနက်စတာရှာကေဗစ်ကိုက ပြောပါတယ်။

 

သူမဟာ ရုရှားသူဖြစ်ပေမဲ့  အောင်မြင်တဲ့မော်ဒယ်တစ်ယောက် ဖြစ်လာဖို့ အခု လော့စ်အိန်ဂျလိစ်ကို ပြောင်းရွှေ့နေထိုင်လျက်ရှိပါတယ်။ ဧပြီလတုန်းကတောင် အင်စတာဂရမ်မှာ Follower ၂.၆ သန်းသာရှိခဲ့ပေမဲ့ အခုတော့ ၆ လအတွင်း ၁.၈ သန်းလောက် တိုးလာခဲ့တာပါ။

 

" ကျွန်မမှာ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းရှိတယ်။ တင်ပါးကြွက်သားတွေကလည်း လေ့ကျင့်ခန်း လုပ်ထားရတာပါ။ မျက်နှာဆိုရင်လည်း ခွဲစိပ်ပြုပြင်မှု  လုံးဝမလုပ်ထားသေးပါဘူး" လို့ ကေဗစ်တိုက ပြောပါတယ်။ သူမဟာ သဘာဝအလှဖြစ်တဲ့အတွက် ကင်မ်ကာဒါရှီယန်နဲ့ နှိုင်းယှဉ်တာကို မကြိုက်ဘူးလို့ ပြောခဲ့တာပါ။

Source : Mirror

Share

Loading Next Article...
က္က