သင်သောက်သုံးနေတဲ့ ဆေးဝါးအချို့ကြောင့်လည်း မျက်လုံးခြောက်သွေ့မှု ဖြစ်နိုင်ပါတယ်။
 

မျက်လုံးတွေခြောက်သွေ့တာဟာ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သလို လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်လုံးတွေ စိုစွတ်နေစေမယ့် အလေ့အကျင့်လေးတွေကို သိထားသင့်ပါတယ်။

၁ - ကွန်ပျူတာ

shutterstock_258726044-computer-break-gaudilab.jpg 

တစ်နေကုန် ကွန်ပျူတာရှေ့မှာ ထိုင်ရတာဟာ သင့်မျက်လုံးတွေကို ဒဏ်ဖြစ်စေပါတယ်။ ၂၀-၂၀-၂၀- နည်းကို သုံးသင့်ပါတယ်။ မိနစ် ၂၀ လောက် ကွန်ပျူတာကြည့်ပြီးရင် ပေ ၂၀ အကွာအဝေးလောက်ကို စက္ကန့် ၂၀ လောက် ကြည့်ပေးသင့်ပါတယ်။

၂ - အိုမီဂါ ၃

shutterstock_283178309-omega3-syda-productions.jpg 

ငါးမှာ ပါတဲ့ အိုမီဂါ ၃ ဟာ မျက်လုံးကို များစွာ အထောက်အကူပြုပါတယ်။ ငါးမစားရင် ငါးကြီးဆီ တစ်နေ့တစ်လုံး သောက်ပေးသင့်ပါတယ်။

၃ - မျက်ကပ်မှန်

shutterstock_289249787-contact-lens-kichigin.jpg 

မျက်လုံးတွေ ခြောက်သွေ့ရတဲ့ အကြောင်းအရင်းတစ်ခုဟာ မျက်ကပ်မှန် အမြဲတပ်ထားတာကြောင့်လည်း ပါပါတယ်။ နေ့အချိန်မှာ ဝတ်ပြီးရင်တော့ အိမ်ပြန်ရောက်တာနဲ့ ချွတ်ထားသင့်ပါတယ်။

၄ - ဆေးဝါး

shutterstock_243010867-meds-ken-weinrich.jpg 

 သင်သောက်သုံးနေတဲ့ ဆေးဝါးအချို့ကြောင့်လည်း မျက်လုံးခြောက်သွေ့မှု ဖြစ်နိုင်ပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က