ပုလင်းထဲပါတာကိုချည်း ဒီအတိုင်းဆိုးလိုက်ရုံနဲ့ မလှပါဘူး။
 

တလက်လက်တောက်ပနေတဲ့ အမှုန်လေးတွေပါတဲ့ လက်သည်းနီက လက်ချောင်းလေးတွေကို သန့်ရှင်းလှပနေတဲ့အသွင် ဖော်ဆောင်ပေးပါတယ်။ ဒါပေမဲ့ အမှုန်တွေတစ်ပါတည်း ပါပြီးသား လက်သည်းနီကိုဆိုးလိုက်တိုင်း အမှုန်လေးတွေက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့မို့ ကြည့်လို့မကောင်းပါဘူး။ တကယ်တမ်းတော့ အမှုန်တွေ လက်သည်းပေါ်မှာပြည့်နေအောင်ဆိုးပေးမှ ပြီးပြည့်စုံမှာပါ။ ဒီလိုမျိုးလှပတဲ့ လက်သည်းလေးရဖို့ အဆင့်အလိုက် ပြုလုပ်ကြည့်ရအောင်ပါ။

 

အဆင့်တစ် ။ ။ လက်သည်းဆိုးဆေးအကြည် (Basecoat) အရင်ဆုံးဆိုးရပါမယ်။

အဆင့်နှစ် ။ ။ လက်သည်းပန်းကုံးအပြင်ဘက်မှာ ရာဘာလက်သည်းဆိုးဆေး ဒါမှမဟုတ် ဘေးကို မပေစေမယ့် အကာကွယ်တွေဖုံးအုပ်လိုက်ပါ။

 

အဆင့်သုံး ။ ။ အမှုန်ပါတဲ့ လက်သည်းနီကို ဖော့ပြားထောင့်လေးပေါ်မှာ ခပ်ထူထူလေးတင်ပါ။

 

အဆင့်လေး ။ ။ လက်သည်းနီပါတဲ့ ဖော့ပြားထောင့်ကို လက်သည်းပေါ်မှာ တင်ပေးပါ။ လက်သည်းတစ်ခုလုံး ပြည့်သွားအောင် ကပ်ပေးရမှာဖြစ်ပါတယ်။ လက်သည်းနီတွေ တစ်နေရာရာတည်း စုမနေအောင်လည်း ဂရုစိုက်ပါ။ အဆင့်နှစ်မှာ ပြောထားသလို ဘေးကိုကာပေးထားလို့ လက်သည်းအပြင်ပေမှာတော့ မပူရပါဘူး။

 

အဆင့်ငါး ။ ။ အားလုံးပြီးသွားရင် ဆိုးရတဲ့ Topcoat အကြည်လေး ထပ်ဆိုးပေးလိုက်ရင် ပြီးပါပြီ။ အရင်တုန်းကလို အမှုန်တွေ ကျိုးတို့ကျဲတဲနဲ့ မဟုတ်တော့ဘဲ တလက်လက်တောက်နေတဲ့လက်သည်းလေးတွေ ရပြီပေါ့။

Photos : Pinterest

 

Share

Loading Next Article...
က္က