သူမရဲ့ ပူဖောင်းဝတ်စုံအားလုံးက တကယ့်ကို အလန်းစားပါပဲ။
 

ပူဖောင်းတွေကို သုံးပြီး မြွေ၊ ခွေး ဒါမှမဟုတ် ယုန်စတဲ့ အရုပ်လေးတွေကို လုပ်ဖူးကြပေမဲ့ အဝတ်အစားလုပ်ဝတ်ဖူးသူတော့ မရှိပါဘူး။

မစ်ဆူရီပြည်နယ်၊ ကန်ဆက်စ်မြို့မှာနေထိုင်တဲ့ မော်လီဘလွန်းစ်ဆိုတဲ့ အမျိုးသမီးဟာ ဂါဝန်တွေကို ပူဖောင်းတွေချည်းပဲ အသုံးပြုပြီး ပြုလုပ်သွားခဲ့သူပါ။

 

သူမရဲ့ဝတ်စုံလေးတွေမှာ ချစ်စရာကောင်းတဲ့ အားကစားဝတ်စုံလေးတွေကအစ ပွဲတက်ဝတ်စုံအထိ ပါဝင်ပါတယ်။

မော်လီဟာ ဝတ်ဆင်နိုင်တဲ့ ဝတ်စုံလေးတွေ ချုပ်ဖို့အတွက် ပူဖောင်းပုံစံမျိုးစုံကို အသုံးပြုခဲ့ပါတယ်။

 

မော်လီဟာ အသက် ၁၅ နှစ်ရွယ်ကစလို့ ပူဖောင်းအလှဆင်ပညာရှင် ဖြစ်လာခဲ့ပေမဲ့ အဝတ်အစားချုပ်ဖို့ စိတ်ကူးကိုတော့ ကျောင်းဆင်းပွဲမှာ ဝတ်ဖို့ အဝတ်အစားရွေးရင်းနဲ့မှ ရခဲ့တာပါ။

 

သူမဟာ ကျောင်းဆင်းပွဲမှာ အလှဘုရင်မဘွဲ့ကိုတောင် ရခဲ့ပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က