အချိန်မကုန် ငွေမကုန်ဘဲ တကယ်ထိရောက်တဲ့နည်းကို ပြောပြပါ့မယ်။
 

နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့အခါ လေထုနဲ့ ဖုန်မှုန့်တွေက မျက်နှာကို ကပ်ငြိပြီး အဆီပြန်မှုကို ဖြစ်စေပါတယ်။ ဒါ့ပြင် အဆီများတဲ့ အစားအစာတွေကလည်း မျက်နှာအသားအရေကို အဆီပြန်စေနိုင်ပါသေးတယ်။ အဆီပြန်ခြင်း ကင်းဝေးတဲ့ မျက်နှာလေးရရှိဖို့ ညဘက်မှာ ပေါင်းတင်ကြည့်ရအောင်လေ။

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ နနွင်းမှုန့် (ဆနွင်းမှုန့်) လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ ရှားဇောင်းလက်ပပ်အနှစ် လက်ဖက်စားဇွန်း ၂ ဇွန်းတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ခွက်တစ်ခုထဲမှာ သမသွားအောင် မွှေပေးရပါမယ်။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးထားပါ။

 

နာရီဝက်လောက် ကြာရင်တော့ ရေဆေးပြီး မျက်နှာသစ်လိုက်လို့ရပါပြီ။ နနွင်းက အဆီပြန်မှုကို လျော့ပါးစေပြီး ရှားဇောင်းက မျက်နှာအသားအရေကို စိုပြေစေပါတယ်။ နောက်နေ့မနက်မှာတော့ အဆီပြန်ခြင်းကင်းပြီး ဝင်းပစိုပြေတဲ့မျက်နှာလေးကို ရရှိပြီပေါ့။

Share

Loading Next Article...
က္က