ရေဟာ ဆံသားလုံးရဲ့ အပေါက်လေးတွေထဲ တိုးဝင်သွားနိုင်လို့ဖြစ်ပါတယ်။
 

သင့်ဆံပင်တွေရဲ့ ကျန်းမာသန်းစွမ်းမှုနဲ့ပတ်သက်လို့ သံသယရှိနေလား။ ဆံပင်တွေကောင်းမကောင်း အလွယ်စမ်းသပ်တဲ့နည်းလေး ရှိပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး အချိန်ကုန်လည်း အလွန်သက်သာပါတယ်။

စမ်းသပ်နည်း

ဆံပင်တွေကို အရင်ဆုံးသန့်ရှင်းလိုက်ပါ။ သင့် ဆံပင်တစ်ချောင်းကို ရေ တစ်လီတာလောက် ထည့်ထားတဲ့ခွက်ထဲ ပစ်ချလိုက်ပါ။ ဆံပင်ဟာ ရေထဲမှာ မမြုပ်ဘဲ မျောနေတယ်ဆိုရင်တော့ သင့်ဆံပင်သားဟာ ကောင်းမွန်ပါတယ်။ မပေါ်ဘဲ မြုပ်သွားမယ်ဆိုရင်တော့ သင့်ဆံပင်ဟာ အဟာရဓာတ်တွေ လိုနေပါတယ်။

ဒီလိုနစ်သွားရတဲ့အကြောင်းအရင်းက ရေဟာ ဆံသားလုံးရဲ့ အပေါက်လေးတွေထဲ တိုးဝင်သွားနိုင်လို့ဖြစ်ပါတယ်။ ဆံသားမှိန်တာတွေ၊ ဆံသားကြွပ်ဆတ်တာတွေ ဖြစ်နေတတ်ပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က