စိတ်နှလုံးကောင်းလည်း ရှိသူဖြစ်ပါတယ်။
 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်တာနက်နဲ့ လှုမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ မျက်ဝန်းပြာနဲ့ လက်ဖက်ရည်အဖျော်ဆရာလေးဟာ မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီလို့ သိရပါတယ်။

 

အာရှတ်ဒ် ခန် ဟာ အသက် ၁၈ နှစ်အရွယ်ရှိ ချောမောခန့်ညားတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး ပါကစ္စတန်နိုင်ငံက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ သူ့ကို အင်စတာဂရမ်အသုံးပြုသူတစ်ဦးက ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်နဲ့တွစ်တာပေါ် တင်ခဲ့ရာက နာမည်ကြီးသွားခဲ့တာပါ။

 

ခုတော့ အာရှတ်ဒ်ဟာ မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ ဒါတင်မက ပါကစ္စတန်ရဲ့ နာမည်ကျော်ရုပ်သံအစီအစဉ်ဖြစ်တဲ့ Good Morning Pakistan မှာလည်း ဧည့်သည်အဖြစ်နဲ့ ပါဝင်ခွင့်ရခဲ့ပါသေးတယ်။

ရိုးသားတဲ့ လူငယ်လေးက မိသားစုကို ထောက်ပံ့ဖို့ ငွေလိုတယ်လို့လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ ပြီးတော့ ပါကစ္စတန်နိုင်ငံတစ်ဝန်းမှာ ပရဟိတနဲ့ အများအကျိုးပြုလုပ်ငန်းတွေ လုပ်ချင်တယ်လို့လည်း AP သတင်းဌာနကို ပြောခဲ့ပါတယ်။

Source : NDTV

Share

Loading Next Article...
က္က