မိတ်ကပ်ဆရာမတစ်ဦးရဲ့ လက်ရာတွေ ဖြစ်ပါတယ်။
 

အောက်တိုဘာလ ၃၁ ရက်နေ့ဆိုရင် ဟော်လိုဝင်းနေ့ကို ရောက်ပါပြီ။ အဲဒီနေ့မှာ သူများထက် ထူးခြားစွာ ပြင်ဆင်ပြီး ဟော်လိုဝင်းဒေးကို ဆင်နွှဲလိုသူများအတွက် အင်စတာဂရမ်စတားတစ်ဦးဖြစ်တဲ့ Venomotoyaveins ခေါ် လော်ရန်ရဲ့ လက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

သူမရဲ့ လူကြိုက်အများဆုံး လက်ရာကတော့ သူမ နောက်ဆုံးပြုလုပ်လိုက်တဲ့ ဝိဉာဉ်ခေါ်သင်ပုန်းပုံစံ ပြင်ဆင်မှုပါ

လော်ရန်ဟာ သူမကိုယ်သူမ ဝိဉာဉ်ခေါ်သင်ပုန်းပုံစံ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

 

အမဲရောင်မိတ်ကပ်တွေကို သုံးပြီး သူမရဲ့မျက်နှာ ပခုံးတွေနဲ့ ရင်ဘတ်ကို ယင်းဂိမ်းဘုတ်ပြားပုံစံ ဖန်တီးထားတာ အရမ်းကို မိုက်ပါတယ်။

 

သူမရဲ့ မိတ်ကပ်ပညာကို အသုံးပြုပြီး Conjuring 2 ထဲက သီလရှင်သရဲ အပါအဝင် အခြား ဟော်လိုဝင်းမိတ်ကပ်စတိုင်တွေကိုလည်း သူမရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။

 

Source & Photos : Metro

Share

Loading Next Article...
က္က