မိတ်ကပ်အစွမ်း အံ့မခန်းပါပဲ...။
 

ဝိုင်းစက်ပြူးကျယ်တဲ့ မျက်လုံးတစ်စုံ၊ ဖြောင့်စင်းတဲ့နှာတံနဲ့ ဖူးငုံသေးသွယ်တဲ့ နှုတ်ခမ်းလေးတွေက ဘာဘီရုပ်ရဲ့ သင်္ကေတပါ။ မိန်းကလေးတွေမှာလည်း ဘာဘီရုပ်ကလေးလို မျက်နှာလေး ပိုင်ဆိုင်ချင်ကြတာပါပဲ။

 

ဒီလိုမျိုး ဘာဘီပုံစံလေးရဖို့ကို မိတ်ကပ်တွေနဲ့ ဖန်တီးလို့လည်း ရနိုင်တယ်ဆိုတာ တရုတ်နိုင်ငံက မော်ဒယ်တစ်ဦးက လက်တွေ့ပြသနေပါတယ်။

 

သူမနာမည်က Dilaila လို့ ခေါ်ပါတယ်။ ဘာဘီရုပ်လေးဆိုပြီး နာမည်ကျော်သူပေါ့။ ပိန်သွယ်လွန်းတဲ့ ခန္ဓာကိုယ်ကလည်း ဘာဘီလေးနဲ့ ပိုတူစေပါတယ်။ ဒီလောက်ပိန်အောင်လို့ ခွဲစိတ်ခဲ့တာဖြစ်လိမ့်မယ်လို့ အချို့တွေကတော့ မှတ်ချက်ပေးနေလေရဲ့။

Dilaila ရဲ့ ပင်ကိုယ်မျက်နှာကတော့ ဘာဘီရုပ်မဟုတ်ပါဘူး။ သာမန်မျက်နှာပါပဲ။ ဒါပေမဲ့ မိတ်ကပ်အစွမ်းက အရမ်းကောင်းလွန်းတော့ ဘာဘီရုပ်မလေးအဖြစ်နဲ့ သူမကို weibo ပေါ်မှာ ချစ်ခင်သူတွေ ပေါများလှပါတယ်။

Source : Weibo

Share

Loading Next Article...
က္က