အင်စတာဂရမ်ကနေ ဆယ်လီတွေမျှဝေထားတဲ့ ပုံတွေပါ။
 

အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟော်လိုဝင်းနေ့ ဖြစ်ပါတယ်။ အဲဒီနေ့အတွက် သီတင်းတစ်ပတ်အလိုလောက်ကတည်းက ဟော်လိုဝင်းဝတ်စုံတွေနဲ့ ဟော်လိုဝင်းဒေးကို ကျင်းပနေခဲ့ကြပြီး ဆယ်လီတွေကလည်း သူတို့ရဲ့သားသမီးတွေကို ဟော်လိုဝင်းဝတ်စုံလေးတွေ ဆင်မြန်းကာ အင်စတာဂရမ်မှာ တင်ခဲ့ကြပါတယ်။

 

လူကြီးတွေက ဟော်လိုဝင်းဝတ်စုံတွေကို ကြောက်စရာကောင်းအောင် ဖန်တီးဝတ်ဆင်ကြပေမဲ့ ကလေးငယ်တွေအတွက်ကတော့ ချစ်စရာကောင်းတဲ့ ဝတ်စုံဒီဇိုင်းဆန်းလေးတွေကို ဆင်မြန်းပေးကြတာပါ။

 

အဆိုတော် ဂျွန်လဲဂျန့်နဲ့ မော်ဒယ် ခရစ်ဆီတိုင်ဂန်တို့ရဲ့သမီးလေး လူနာကို သူ့မေမေက ဒေါင်းမလေးပုံစံ ဆင်မြန်းပေးထားပါတယ်။

 

ခရစ်ဆီက အဲဒီလောက်နဲ့တင် အားမရသေးပါဘူး။ သမီးလေး လူနာကို မစ်ကီးမောက်ဝတ်စုံလေးနဲ့ ငှက်ပျောသီးပုံစံလေးတွေလည်း ဆင်မြန်းပေးပြီး အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။

 

မင်းသမီး ကက်သရင်းဟိုက်ဂယ်လ်ကတော့ သူ့ရဲ့သမီးလေး နယ်လ်အိုက်နဲ့ အဒယ်လ်လိတ်ဒ်တို့ကို ဥယျာဉ်ပုံုစံ ဟော်လိုဝင်းဝတ်စုံတွေကို ဆင်မြန်းပေးထားပါတယ်။

 

ရပ်ပါ နစ်ခ်ကန်နွန်ကတော့ ဇနီးဟောင်း မရိုင်ယာကာရီနဲ့အတူ သူ့ရဲ့ အမြွှာသမီးလေးနှစ်ဦးဖြစ်တဲ့ မွန်ရိုးနဲ့ မိုရော့ကန်တို့ ဟော်လိုဝင်းပါတီ ကျင်းပနေပုံကို မျှဝေခဲ့ပါတယ်။ ဟော်လိုဝင်းပါတီပေးခဲ့တဲ့ မရိုင်ယာကာရီကိုယ်တိုင် နတ်ဆိုးမဝတ်စုံနဲ့ အလှကြီးလှနေတာကို မြင်တွေ့ရပါတယ်။

 

မော်ဒယ် မော်လီဆင်းစ်က သူမရဲ့ကလေးနှစ်ဦးဖြစ်တဲ့ ဘရွတ်ခ်နဲ့ စကားလတ်တို့ကို ရမ်းချစ်စရာကောင်းတဲ့ ဝါဂွမ်းသကြားလုံးနဲ့ မုန်တိုင်းတိမ်ပုံစံတွေ ဆင်ထားတာကို ချစ်စဖွယ်တွေ့ရှိရပါတယ်။

 

ကော့တနီကာဒါရှီယန်နဲ့ သူမရဲ့ကလေးတွေကလည်း ဟော်လိုဝင်းအတွက် အဆင်သင့်ဖြစ်နေပါပြီ။

Source & Photos : the Sun

Share

Loading Next Article...
က္က