play

 

ရုရှားနိုင်ငံမှာ နေထိုင်တဲ့ ယောဂဆရာမ အမျိုးသမီးတစ်ဦးဟာ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် ဟောလိဝုဒ် မင်းသမီးအင်ဂျလီနာဂျိုလီလက်သစ်လို့ တင်စားခံနေရပါတယ်။

play

 

သူမဟာ ယောဂကျင့်နေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်ပေါ် ဆက်တိုက်တင်ခဲ့ရတာကတစ်ဆင့် အခုလို နာမည်ကျော်လာခဲ့တာဖြစ်ပါတယ်။ အားကစားဝတ်စုံခပ်ကျပ်ကျပ်နဲ့ ယောဂကျင့်တဲ့ ဓာတ်ပုံတွေကလည်း သူမရဲ့ အလှကို ပိုပြီးပေါ်လွင်စေတာ ဖြစ်ပါတယ်။

play

 

မီယာဂေဗာ လို့ခေါ်တဲ့ သူမဟာ အရပ်ငါးပေ သုံးလက်မသာ ရှိပေမဲ့ ဓာတ်ပုံတွေထဲမှာတော့ လှပပြေပြစ်လွန်းတဲ့အတွက် သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိသတ်များစွာ လက်ခံရရှိထားပါတယ်။

play

 

သူမရဲ့ ပရိသတ်အချို့ကတော့ အင်ဂျလီနာ ဂျိုလီလိုတူအောင် တုနေမယ့်အစား ကိုယ်ပိုင်ဟန်တစ်ခုထားသင့်တယ်လို့ အကြံပေးထားကြပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video