အဆီတွေကို ဖက်တီးအက်ဆစ်အဖြစ် ပြောင်းပစ်ပြီး အနီးအနားက အရေပြားဆဲလ်တွေကို ရောင်ရမ်းလာစေတာ ဖြစ်ပါတယ်။ 
 

အောက်ဆီဂျင်လေ အလုံအလောက် မရခြင်းဟာ ဝက်ခြံ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို လှုံ့ဆော်တယ်လို့  သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

California တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ အဆိုပါ သုတေသနအရ အောက်ဆီဂျင်အလုံအလောက်မရတဲ့ နေရာကို ရောက်ရှိသွားတဲ့အခါ မျက်နှာက အဆီတွေကို ဖက်တီးအက်ဆစ်အဖြစ် ပြောင်းပစ်ပြီး အနီးအနားက အရေပြားဆဲလ်တွေကို ရောင်ရမ်းလာစေတာ ဖြစ်ပါတယ်။  enzymes လို့ သိကြတဲ့ histones တွေကြောင့် ရောင်ရမ်းမှုဟာ ဆက်လက်ဖြစ်လာပြီး နီရဲတာတွေနဲ့ ယားယံတာတွေပါ ဆက်ဖြစ်လာပါတယ်။

အဆိုပါ သုတေသနဟာ ဝက်ခြံတွေ၊ မွှေးညှင်းပေါက်တွေနဲ့ ပက်သက်တဲ့ အဓိကဖြစ်စဉ်တွေကို သိရှိဖို့မှာလည်း အကူအညီဖြစ်စေခဲ့ပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က