အမ်စတာဒမ်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတာပါ။

နယ်သာလန်နိုင်ငံက ဆောက်လုပ်ရေးလုပ်သားလေးတစ်ယောက်ရဲ့ ရုပ်ရည်ဟာ ဖြတ်သွားဖြတ်လာတွေ သတိထားမိရာကတစ်ဆင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးလာပါတယ်။ သူ့နာမည်က နစ်ကီလစ်ဘတ်လို့ ခေါ်ပါတယ်။ အမ်စတာဒမ်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတာပါ။

 

ပါးချိုင့်နှစ်ဖက်နဲ့ အားပါးတရပြုံးနေတဲ့ နစ်ကီကို မတော်တဆတွေ့မိတဲ့ အမျိုးသမီးတစ်ဦးက ဓာတ်ပုံတွဲရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ခဲ့ရာကနေ နာမည်ကြီးသွားပါတော့တယ်။ နစ်ကီရဲ့သတင်းကိုကြားပြီးတဲ့နောက် ကမ္ဘာကျော်မော်ဒယ်အေဂျင်စီ Elite က နစ်ကီကို စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ကံကြမ္မာအပြောင်းအလဲဟာ ဆောက်လုပ်ရေးလုပ်သားလေးတစ်ယောက်ကို ရှိုးပွဲစင်မြင့်တွေဆီကို သယ်ဆောင်သွားခဲ့ပါပြီ။

Source : Buzzfeed

Share

Loading Next Article...
က္က