ဇနီးသည်ဟာ သူတို့အိမ်ထောင်သက် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပိုပြီးတော့ နုပျိုလာပါတယ်။
 

မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်တွေ ခွဲစိပ်ပြုပြင်ရာမှာ ကျွမ်းကျင်တဲ့ ခွဲစိပ်ဆရာဝန်တစ်ဦးဟာ သူ့ရဲ့ဇနီးသည်ကို ပြုပြင်ခွဲစိတ်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကအတိုင်း လှပနေအောင် ဖန်တီးထားပါတယ်။

 

ဖိလစ်ခရက်ဖ်ဆိုသူ ခွဲစိပ်ဆရာဝန်ဟာ အမေရိကန်နိုင်ငံ မီယာမီမှာသူကိုယ်တိုင် ခွဲစိပ်ပြုပြင်ချင်သူတွေအတွက် ဆေးခန်းတစ်ခုဖွင့်လှစ်ထားသူဖြစ်ပါတယ်။ ဖိလစ်က အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ရဲ့ဇနီးသည်ကတော့ အသက် ၄၃ နှစ်ရှိပြီး အန်နာဆိုသူ အမျိုးသမီးဖြစ်ပါတယ်။ အန်နာနဲ့ဖိလိစ်တို့ရဲ့ အိမ်ထောင်သက်ဟာ ၂၁ နှစ်ရှိပြီဖြစ်ပြီး အန်နာကိုယ်တိုင်လည်း သားနှစ်ဦးကို မွေးဖွားခဲ့ပြီးပြီဖြစ်ပါတယ်။

 

၂၁ နှစ်ကြာလာတဲ့ အိမ်ထောင်သက်မှာ ခင်ပွန်းဖြစ်တဲ့ ဖိလစ်က အချိန်တွေကြာလာလို့ ရုပ်ရည်နဲ့ ပုံပန်းသဏ္ဌာန်ပြောင်းလဲသွားပေမဲ့ အန်းန်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကအတိုင်း မပြောင်းမလဲ ဖြစ်နေဆဲပါ။ ဖိလစ်ဟာ သူ့ရဲ့ဆေးခန်းပုံရိပ်ကို မြှင့်တင်ဖို့အတွက် သူ့ရဲ့ဇနီးသည်ကိုလည်း ကိုယ်ဟန်ပြမော်ဒယ်အဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖိလစ်ရဲ့ သူ့ရဲ့ဇနီးသည်ကို ရင်သားခွဲစိပ်ခြင်း၊ တင်ပါးခွဲစိပ်ပြုပြင်ခြင်းတွေအပြင် ခန္ဓာကိုယ် အဆီထုတ်ပြုပြင်ခြင်းတွေကိုပါ ပြုလုပ်ပြီး လှပနေအောင် ထိန်းသိမ်းပေးခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်တွေနဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်းက အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ နှုတ်ခမ်း၊ မျက်နှာ စတဲ့ခွဲစိပ်မှုအားလုံးနီးပါးက အန်းန်ပြုလုပ်ထားပြီးနောက် အသက် ၂၀ ကျော်အရွယ်လို လှပနေဆဲ ဖြစ်နေတာပါ။

 

" ဖိလစ်က သူ့ရဲ့ပြိုင်ကားတွေ၊ အိမ်ကပရိဘောဂတွေကို အသစ်ပြန်ပြင်ရတာ ကြိုက်တယ်လေ။ နောက်ပိုင်းကျတော့ ကျွန်မကိုပါ သူကပြင်ဆင်ချင်လာတယ်။ ကလေးနှစ်ယောက်လည်း မွေးပြီးရော သူပြင်ချင်နေတာတွေကို ကျွန်မလည်း လက်ခံလိုက်တာပဲ" လို့ အန်းန်က ပြောပါတယ်။

Source : The Sun

Share

Loading Next Article...
က္က