ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကို ကာကွယ်ဖို့ပါ။

549187-skin-care.jpg 

၁ - မုန်လာဥနီ

carrots_2.jpg 

ဆောင်းတွင်းကြောင့် ဖြစ်လာတဲ့ အသားအရေကြမ်းတမ်းမှုကို မုန်လာဥနီက ကာကွယ်ပေးပါတယ်။ သူ့မှာ ဗီတာမင်စီနဲ့ ဗီတာမင်အေ ကြွယ်ဝတာကြောင့် အသားအရေကို စိုပြေကျန်းမာနေအောင် ထိန်းပေးထားပါတယ်။

၂ - လိမ္မော်သီး

oranges_1.jpg 

လိမ္မော်သီးမှာလည်း ဗီတာမင်စီ ပါဝင်ပြီး အသားအရေကို ရေဓာတ်ပြည့်ဝစေပါတယ်။

၃ - ထောပတ်သီး

avocado_4.jpg 

ထောပတ်သီးမှာ ဗီတာမင်အီး အလွန်မြင့်မားစွာ ပါဝင်ပါတယ်။ ထောပတ်သီးဟာ သင့်အသားအရေကို ချောမွေ့စေပြီး ဆောင်းတွင်းလို ရာသီမှာ မစားမဖြစ်စားရမယ့် အသီး ဖြစ်ပါတယ်။

၄ - ငါး

fish_6.jpg 

အဆီပါတဲ့ငါးကို စားပေးသင့်ပါတယ်။ ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး အသားအရေခြောက်သွေ့မှုကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။

၅ - လဖက်စိမ်း ရေနွေး

t_0.jpg 

အသားအရေ လန်းဆန်းစေဖို့ ထိန်းသိမ်းပေးပြီး အရေပြားခြောက်သွေ့တွဲကျတာ၊ အစက်အပြောက်တွေဖြစ်တာ စတဲ့ ပြဿနာတွေကို သက်သာစေပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က