သုတေသီတွေ ဖန်တီးထုတ်လုပ်ထားတဲ့ ချောကလက်ကို စမ်းသပ်မှုအရ အသားအရေ လျော့တွဲခြင်းကို လျှော့ချပေးနိုုင်ပြီး အရေပြားတစ်ရှူးတွေအတွက် အကျိုးကျေးဇူးရှိစေတာ တွေ့ရပါတယ်။


ကိန်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီတွေက အရွယ်တင်နုပျိုစေမယ့် ချောကလက်တစ်မျိုးကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ Esthechoc လို့ အမည်ပေးထားတဲ့ အဆာပြေစာ ချောကလက်က အသားအရေကို တင်းရင်းလှပစေပြီး အိုမင်းရင့်ရော်မှု အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးပေးနိုင်ကာ အရွယ်တင်နုပျိုနေစေမယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

အရွယ်တင်နုပျိုစေမယ့် ချောကလက်မှာ ပါဝင်တဲ့ မှော်ဆန်တဲ့အရာကတော့ ဆဲလ်မွန်ငါးမှာ တွေ့ရှိရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း astaxanthin ဖြစ်ပါတယ်။ သုတေသီတွေ ဖန်တီးထုတ်လုပ်ထားတဲ့ ချောကလက်ကို စမ်းသပ်မှုအရ အသားအရေ လျော့တွဲခြင်းကို လျှော့ချပေးနိုုင်ပြီး အရေပြားတစ်ရှူးတွေအတွက် အကျိုးကျေးဇူးရှိစေတာ တွေ့ရပါတယ်။

သုတေသီတွေက အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်ရှိသူတွေကို စမ်းသပ်ခဲ့ရာမှာ ၎င်းတို့ရဲ့ အသားအရေဟာ အသက် ၂၀ သို့မဟုတ် ၃၀ အရွယ်ကဲ့သို့ ပြန်ဖြစ်လာတယ်လို့ ဆိုပါတယ်။ အိုးမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အရွယ်တင်နုပျိုနေစေမယ့် Esthechoc ချောကလက်တွေကို ဗြိတိန်မှာ ယခုနှစ် အောက်တိုဘာလအတွင်းက စတင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

Source & Photo: Esthechoc

Share

Loading Next Article...
က္က