တန်ဖိုးကတော့ ဒေါ်လာသန်းချီရှိလောက်ပါတယ်။
 

နှစ်စဉ်ပြုလုပ်တဲ့ Victoria's Secret အမျိုးသမီးအတွင်းခံဖက်ရှင်ရှိုးမှာ အထူးဖန်တီးထားတဲ့ တန်ဖိုးကြီးဘရာတွေကိုလည်း မိတ်ဆက်လေ့ရှိပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ပြုလုပ်မယ့် ရှိုးပွဲမတိုင်မီမှာ အလွန်လှပထူးခြားတဲ့ အတွင်းခံတစ်စုံရဲ့ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။ ဆွာရော့ဗ်စကီး (Swarovski) ခရစ္စတယ်လ်ကျောက်ပေါင်း ၄၅၀,၀၀၀ ကျော် စီခြယ်ထားတဲ့အတွင်းခံပါ။

 

ဒီဝတ်စုံကို မော်ဒယ် Josephine Skriver က ဝတ်ဆင်ပြသမှာ ဖြစ်ပါတယ်။ ရှိုးမလျှောက်မီ ဂျိုးဆက်ဖင်းက ဝတ်ဆင်ဟန်ပြခဲ့တဲ့ ဗီဒီယိုက အရင်ဦးစွာ ထွက်ရှိလာတာပါ။ လှုပ်ရှားမှုတိုင်းမှာ ဆွာရော့ဗ်စကီးကျောက်လေးတွေကြောင့် လင်းလက်တောက်ပသွားပုံက နတ်သမီးလေးအတိုင်းပါပဲ။

Source : Elle

Share

Loading Next Article...
က္က