ဘာတွေနဲ့လုပ်ထားတယ်ဆိုတာသိရင် အံ့သြသွားမှာပါ။
 

ယူကေက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖန်တီးထားတဲ့ သတို့သမီးဝတ်စုံဟာ ဖြူလွှကြွရွနေပြီး အမျိုးသမီးတိုင်း နှစ်သက်လောက်မယ့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။ Rachel Lefleur ဆိုတဲ့ ကောင်မလေးက အိမ်သာသုံးစက္ကူတွေကိုသုံးပြီး ပြုလုပ်ခဲ့တာပါ။ ဒီဝတ်စုံကို ယမန်နှစ်အောက်တိုဘာကတည်းက စတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး ယခုနှစ်မတ်လမှာမှ ပြီးစီးခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ ပေါင်စတာလင် ၃၀ (မြန်မာကျပ်ငွေ ၁၅၀၀၀ ခန့်) သာ ကုန်ကျခဲ့ပါတယ်။

အိမ်သာသုံးစက္ကူလိပ် ၁၉ လိပ်ကို အသုံးပြုပြီး ပန်းပွင့်သဏ္ဌာန်၊ ပွင့်ဖတ်နဲ့ အနွယ်အခက်ပုံစံတွေ ပြုလုပ်ကာ ချုပ်စက်နဲ့ တွဲဆက်လိုက်ပါတယ်။ တလက်လက်တောက်မယ့် အမှုန်လေးတွေကိုလည်း ကော်နဲ့ကပ်ကာ အလှဆင်ထားပါတယ်။ နူးညံ့တဲ့တစ်ရှူးစက္ကူစနဲ့ အခုလိုလှပတဲ့ သတို့သမီးဝတ်စုံဖန်တီးဖို့ရာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့တယ်လို့ သူမက ပြောပါတယ်။

 

ရေချယ်က ဒီဝတ်စုံကို ကျောင်းသင်တန်းဆင်းလက်မှတ်အတွက် ပရော့ဂျက်တစ်ခုအနေနဲ့ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး သူမရဲ့ဒီဇိုင်းလက်ရာကြောင့် A* (ထိပ်တန်းအဆင့်သတ်မှတ်ချက်) ရခဲ့ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က