သူမရဲ့ထူးခြားချက်တစ်ခုပါပဲ။
 

အသက် ၄၂ နှစ်အရွယ် ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ပုံတွေကို အခုနောက်ပိုင်းစတိုင်တွေကို ကြည့်လိုက်ရင် တစ်ခုကတော့ အမြဲတူညီနေတာ တွေ့ရပါတယ်။ အဲဒါကတော့ သူမဟာ ဘယ်တော့မှ အိတ်ကို ပခုံးကနေ မလွယ်တာပါပဲ။

"ခန္ဓာကိုယ်နဲ့ သယ်တဲ့ပစ္စည်းက ပိုနီးကပ်လေ အရိုးအစစ်တွေနဲ့ ပျော့ပျောင်းတဲ့တစ်ရှူးတွေကို တင်းမာမှု လျော့နည်းစေလေပါပဲ။ အဓိပ္ပာယ်ကတော့ အိတ်ကို ခန္ဓာကိုယ်မှာ ကပ်ထားလိုက်ခြင်းအားဖြင့် သူမရဲ့သွင်ပြင်ကို ပိုပြီး ပေါ့ပါးသွက်လက်စေတယ်" ရုပ်ခန္ဓာဗေဒပညာရှင် ပေါလ်ဘရောင်းက ပြောပါတယ်။

ဒါမှမဟုတ် ဒီလို လုပ်တာဟာ သူမရဲ့စတိုင်အဖြစ် သတ်မှတ်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။

 

"ဗစ်တိုးရီးယားက အမြဲရိုးရှင်း ကျော့မော့နေတယ်။ အိတ်ကို လက်က ကိုင်ထားခြင်းအားဖြင့် သူမရဲ့အဝတ်အစားကို ပုံပျက်သွားတာမျိုး မဖြစ်စေနိုင်ဘူး" လို့ Sun Fashion အယ်ဒီတာ ဂျိုလီချီကော့တ်က သုံးသပ်ပါတယ်။

ဒါ့အပြင် အိတ်ကို တင်ပါးတဝိုက်မှာ ကိုင်ထားခြင်းအားဖြင့် ကြည့်သူရဲ့ မျက်လုံးကို အနှောင့်အယှက်ပေးပေပြီး လူက ပိုမိုသွယ်လျသယောင် ထင်ရပါတယ်။

 

တော်ရုံလူမသိနိုင်တဲ့ ဒီလိုအချက်အလက်မျိုးကို သေချာနားလည်ဂရုစိုက်နိုင်တဲ့အတွက် ဗစ်တိုးရီးယားဟာ ဘာကြောင့် နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်နေရတယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။

Source & Photos : the Sun

Share

Loading Next Article...
က္က