အနက်ရောင်သို့မဟုတ် အညိုရောင် ဆံကေသာ ပိုင်ရှင်တွေအတွက် တစ်ပတ်ဘယ်နှကြိမ်ခေါင်းလျှာ်သင့်လဲ ဆိုတာ ပညာရှင်တွေက အကြံပြုထားပါတယ်။
 

ခေါင်းမကြာခဏလျှော်ဖို့ အချိန်မရှိသူတွေနဲ့ ပျင်းရိသူ မိန်းကလေးတွေအတွက် သတင်းကောင်းတစ်ခုကို ဆံပင်ပညာရှင် တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ခေါင်းလျှော်ရမယ့် ရက်တွေဆိုရင် ရုံးမသွားခင် ပုံမှန်ထက် မနက်စောစောထရတဲ့ အလုပ်ဟာ ဘယ်မိန်းကလေးမှ မလုပ်ချင်ကြတဲ့ အလုပ်ဖြစ်ပါတယ်။ အခုတော့ သင့်ရဲ့အိပ်ချိန်တွေပိုရသွားစေမယ့် သတင်းတစ်ခုကို ပညာရှင်တွေက ဖော်ထုတ်လိုက်တာပါ။

ဆံပင်အနက်ရောင်၊ သို့မဟုတ် အညိုရင့်ရောင်မျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုပြီး ခေါင်းမလျှော်သင့်ဘူးလို့  ဆံပင်ပညာရှင်တစ်ဦးဖြစ်တဲ့ ရှက်ကာရီဂါက ပြောပါတယ်။ ကာရီဂါဟာ ကမ္ဘာကျော် မော်ဒယ်သရုပ်ဆောင် အီရီနာရှိတ်နဲ့ ဘာဘရာဖီယဲ့လ်ဟိုတို့လို ဆယ်လီတွေရဲ့ ဆံပင်တွေ လှပေနေအာင် တာဝန်ယူပေးရတဲ့ ဆံပင်ပညာရှင်ဖြစ်ပါတယ်။ 

အနက်ရောင်သို့မဟုတ် အညိုရောင်ဆံပင်ပိုင်ရှင် မိန်းကလေးတွေ တစ်ပတ်နှစ်ကြိမ်ထက် ခေါင်းမလျှော်သင့်တဲ့ အကြောင်းရင်းက ဒီလိုဆံကေသာ ပိုင်ရှင်တွေရဲ့ ဆံပင်ဟာ ရေဓာတ်ခမ်းခြောက်လေ့ရှိတာကြောင့် ခဏခဏ  ခေါင်းလျှော်မယ်ဆိုရင် ဆံပင်တွေ ခြောက်သွေ့ပြီး ပွယောင်းတာမျိုးကို မကြာခဏ ကြုံမယ်လို့ ကာရီဂါက ဆိုပါတယ်။

ဒီလိုဆံပင်ပိုင်ရှင်တွေဟာ ခေါင်းလျှော်ရည်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဆိုရင် အကောင်းစားတွေသာ အသုံးပြုသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

Source : The Sun

Share

Loading Next Article...
က္က