သူမရဲ့လေ့ကျင့်ခန်း နည်းစနစ်တွေကို ဓာတ်ပုံတွေနဲ့တကွ ဝေမျှထားပါတယ်။
 

ကမ္ဘာ့အလန်းဆုံး မိုးလေဝသအစီအစဉ်တင်ဆက်သူလို့ သတ်မှတ်ခြင်းခံထားရတဲ့ မက္ကဆီကိုက ရုပ်သံတင်ဆက်သူ မော်ဒယ်ဟာ ခန္ဓာကိုယ်အချိုးအစား လှပဖို့အတွက် လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အင်စတာဂရမ်မှာ ဝေမျှလိုက်ပြန်ပါတယ်။

 

မိုးလေဝသအစီအစဉ်ကြေငြာသူဖြစ်တဲ့ ဂါစီယာဟာ ခန္ဓာကိုယ်အောက်ပိုင်း လှပပြည့်စုံဖို့အတွက် တင်ပါးလေ့ကျင့်ခန်း ပြုလုပ်နေတဲ့ နည်းလမ်းတွေကို သူမရဲ့လူမှုကွန်ယက်အကောင့်မှာ ဝေမျှထားတာ ဖြစ်ပါတယ်။ အောက်ပိုင်းလေ့ကျင့်ခန်းအတွက် လေ့ကျင့်ရေးခန်းမမှာ လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို တင်ထားပြီး "  ရလာတဲ့အခွင့်အရေးကို မယူလိုက်ရလို့ နောက်မှ ရလာတဲ့ နောင်တထက် အခွင့်အရေးကို အသုံးချလိုက်တာက ပိုပြီးကောင်းပါတယ်" လို့ သူမက ဓာတ်ပုံအောက်မှာ ရေးသားထားပါသေးတယ်။

 

အခုတင်လိုက်တဲ့ လေ့ကျင့်ခန်းဓာတ်ပုံတွေမတိုင်ခင်မှာလည်း သူမဟာ လေ့ကျင့်ခန်းလုပ်နေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ကို မကြာခစ တင်လေ့ရှိသူဖြစ်ပါတယ်။ ပလေးဘွိုင်းမဂ္ဂဇင်းကတော့ သူမကို " သင်မိုးလေဝသအစီအစဉ်အမြဲ ကြည့်ဖြစ်အောင် ဆွဲဆောင်နေမယ့် အမျိုးသမီး" လို့ ညွှန်းဆိုပြီးဖော်ပြထားပါတယ်။

[No available link text] 

Share

Loading Next Article...
က္က