သွားနဲ့ အငြိမ်မနေနိုင် ကိုက်နေမိတာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။
 

မျက်နှာလှလှလေးဟာ နူးညံ့အိစက်တဲ့ နှုတ်ခမ်းတွေရှိနေမှ ပြီးပြည့်စုံမှာပါ။ ခုလိုမျိုး အေးတဲ့ရာသီဥတုမှာဆိုရင်တော့ နှုတ်ခမ်းသားတွေက ခြောက်သွေ့အက်ကွဲတတ်လို့ အလှပျက်ရပြီပေါ့။ လှပတဲ့နှုတ်ခမ်းတစ်စုံဖြစ်ဖို့ရာ ဒါတွေကိုလိုက်နာဖို့ လိုအပ်ပါတယ်။

၁။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ အရင်ဆုံး သိသာမှာကတော့ ညိုညစ်ညစ်အရောင်ပြောင်းသွားတဲ့ နှုတ်ခမ်းလေးတွေပါပဲ။

orig.jpg 

၂။ Scrub လုပ်ပါ

နှုတ်ခမ်းသားပေါ်က ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆဲလ်သေတွေကို scrubbing ပြုလုပ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။ မခက်ပါဘူး။ သကြားလေးနဲ့ ညင်ညင်သာသာပွတ်ပေးရင် ရပါပြီ။

၃။ နေရောင်နဲ့ မထိပါစေနဲ့

အသားအရေအတွက် နေရောင်ကာလူးဆေးကို လူးဖြစ်ကြပေမဲ့ နှုတ်ခမ်းသားလေးတွေအတွက်တော့ မေ့နေတတ်ကြတယ်မဟုတ်ပါလား။ နေရောင်ခြည်ကလည်း နှုတ်ခမ်းရဲ့အပေါ်ယံလွှာကို ခြောက်သွေ့စေနိုင်လို့ နေရောင်နဲ့မထိရင် အကောင်းဆုံးပါပဲ။

landscape-1428344280-lip.jpg 

၄။ အစိုဓာတ်ဖြည့်ပါ

နှုတ်ခမ်းနီမဆိုးခင်မှာ အစိုဓာတ်ဖြည့်ခရင်မ် ဒါမှမဟုတ် lip balm လေး အရင်ဆုံးဆိုးပေးသင့်ပါတယ်။ နှုတ်ခမ်းနီဝယ်မယ်ဆိုရင်လည်း အစိုဓာတ်ပါတဲ့ နှုတ်ခမ်းနီမျိုးကို ဂရုတစိုက်ရွေးချယ်ရပါမယ်။

၅။ မကိုက်ပါနဲ့

နှုတ်ခမ်းတွေကို သွားနဲ့ အငြိမ်မနေနိုင် ကိုက်နေမိတာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ သင့်နှုတ်ခမ်းအလှကို ဖျက်ဆီးနိုင်တဲ့ အကျင့်ဆိုးတစ်ခုဖြစ်လို့ ရှောင်ကြဉ်ဖို့ လိုပါတယ်။

Source : Women Talk

Share

Loading Next Article...
က္က