ဖက်ရှင်စတားတွေရဲ့ ရိုက်ကူးပုံတွေ ဖြစ်ပါတယ်။
 

အင်စတာဂရမ်မှာ နောက်ဆုံးပေါ် နာမည်ကြီးနေတဲ့ပုံစံက Insta-sit လို့ခေါ်တဲ့ ငုတ်တုတ်ထိုင်ပြီး ဓာတ်ပုံရိုက်တဲ့ပုံစံဖြစ်ပါတယ်။

ဘီကီနီ ဘလော့ဂါတွေနဲ့ မော်ဒယ်တွေဟာ ထိုင်လျက်အနေအထားဖြစ်ပေမဲ့ သူတို့ရဲ့သွယ်လျတဲ့ ပေါင်တံနဲ့ ကိုယ်လုံးအလှကို ပေါ်အောင်ရိုက်ကူးခဲ့ကြတာကို မြင်တွေ့ရပါတယ်။

 

Insta-sit ထဲမှာ ကျန်ခြေတစ်ဖက်ကို ဆန့်ထုတ်ထားကာ ခြေထောက်တစ်ချောင်းထဲ ကွေးပြီး ထိုင်တဲ့ပုံစံလည်းပါဝင်ပါတယ်။

Follower သန်းချီပြီးရှိတဲ့ Gabby Epstein နဲ့ မော်ဒယ် Alexis Ren တို့ရဲ့ အင်စတာဂရမ်အကောင့်တွေထဲမှာ အဲဒီလို ထိုင်နည်းတွေကို မြင်တွေ့ရပါတယ်။

 

ဒီလိုထိုင်နည်းက ပေါ်ပြူလာဖြစ်ရတာ အကြောင်းရင်းများစွာရှိပါတယ်။

Insta-sit ဟာ ကြည့်ရတာ သက်သောင့်သက်သာရှိပြီး၊ ကမ်းခြေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်သလို သိပ်ပြီး ဟန်လုပ်ထားတဲ့ပုံစံမပေါက်ဘဲ သဘာဝကျနေပါတယ်။  ဒါ့အပြင် အဲဒီလိုထိုင်နည်းဟာ ခြေထောက်တွေကိုလည်း ဆန့်ထုတ်ထားသလိုဖြစ်တဲ့အတွက် ခြေထောက်တွေကို ပိုပြီး ရှည်သွယ်သွားသယောင် ထင်ရပါတယ်။

 

အဲဒီတော့ အားလပ်ရက်မှာ သင် ခရီးထွက်တဲ့အခါ သက်သောင့်သက်သာလေး ငုတ်တုတ်ထိုင် ရိုက်နေပုံတွေကို လှပပြီး သဘာဝကျတဲ့ပုံတွေဖြစ်အောင် အခုပြသထားတဲ့ပုံတွေအတိုင်း စမ်းသပ်ကြည့်ကြည့်ပါလား။

 

Source & Photos : the Sun

Share

Loading Next Article...
က္က