မြင်မြင်ချင်းမှာ ဟာခနဲ.. ဟင်ခနဲ ဖြစ်သွားစေတဲ့ ဝတ်စုံတွေဖြစ်ခဲ့ပါတယ်။
 

နိုင်ငံတကာ အနုပညာရပ်ဝန်းမှာ ကျင်လည်နေကြတဲ့ ဆယ်လီတွေပီပီ အခြားလူတွေထက် ပိုမိုပေါ်လွင်လိုကြစမြဲပါပဲ။ ပွဲလမ်းသဘင်တွေမှာ သူများထက်ပိုပြီးပေါ်လွင်အောင် ဝတ်စုံတွေမထပ်ရအောင်လည်း ဂရုတစိုက်ဝတ်ဆင်ကြရပါတယ်။ ယခုရေးသားပြမယ့် ဖက်ရှင်တွေကတော့ လူပြောသူပြောခံရဆုံး ဖက်ရှင်တွေပါ။

 

(၁) မက်ဒေါနား

Met Gala ပွဲကို တက်ရောက်လာတဲ့ အသက် ၅၈ နှစ်အရွယ် ပေါ့ပ်ဘုရင်မကြီးရဲ့ဝတ်စုံကတော့ ဟိုးလေးတကျော်ဖြစ်သွားတာပါပဲ။ အနက်ရောင်ဇာပါးနဲ့ ပေါင်းစပ်ထားတဲ့သူမရဲ့ဝတ်စုံက ရင်သားနဲ့တင်ပါးတွေနေရာကို တိတိပပ ကွက်ပြီးဖော်ပြထားပုံက အတော်ကိုကြည့်ရဆိုးခဲ့ပါတယ်။

 

(၂) ကင်မ်ကာဒါရှီယန်

လူတွေရဲ့အာရုံစိုက်မှုကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရယူလိုသူပီပီ ဒီနှစ်ထဲ ကင်မ်ဝတ်ခဲ့တဲ့ ဝတ်စုံတွေဟာ ဘီကီနီသာသာပဲ ရှိပါတယ်။ အထူးသဖြင့်တော့ ပါးလှပ်လွန်းတဲ့ ဇာကိုပဲ ပွဲတက်ဖက်ရှင်အနေနဲ့ ဝတ်ခဲ့တာပါ။

 

(၃) Tove Lo

ဆွီဒင်အဆိုတော် တက်ဗ်လိုရဲ့ ဖက်ရှင်ကိုလည်း ကြည့်လိုက်ပါဦး။ ဆစ်ဒနေမှာ ကျင်းပတဲ့ ARIA ဆုပေးပွဲကို တက်ရောက်လာတဲ့ဖက်ရှင်က အသက် ၁၈ နှစ်အထက်တွေဆိုရင် ပိုပြီးသဘောပေါက်မှာပါ။ လိမ္မော်ရောင်ဂါဝန်တိုက ပါးလွန်းရုံသာမက အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ သားအိမ်နဲ့ သားဥပြွန်တွေအတိုင်း ပုံဖော်ထားတာ တွေ့ရပါတယ်။

 

(၄) ရီတာအိုရာ

ယခုနှစ် ဇန်နဝါရီလဆန်းက ပါရီမှာပြုလုပ်ခဲ့တဲ့ ဖက်ရှင်ပွဲကို တက်ရောက်ခဲ့တဲ့ ရီတာရဲ့ လိမ္မော်ရောင် Versace ဝတ်စုံက သူမနဲ့တော့ တကယ်ကိုလိုက်ဖက်ပါတယ်။ သာမာန်လူတွေအဖို့ မဝတ်ရဲတဲ့ဝတ်စုံပါ။ ရီတာက အတွင်းခံတစ်ခုမှမဝတ်ဘဲ ဝတ်စုံကိုချည်းဝတ်ထားခဲ့လို့ပါပဲ။ လှပတဲ့ကောက်ကြောင်းတွေရှိသူမို့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ဝတ်ခဲ့ပါတယ်။

 

(၅) ခရစ်စီတိုင်ဂန်

အဆိုတော်ဂျွန်လဲဂျန့့်ရဲ့ဇနီးလည်းဖြစ်သလို မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ ခရစ်စီက အမေရိကန်တေးဂီတဆုပေးပွဲမှာ သီချင်းမဆိုဘဲ နာမည်ကြီးသွားခဲ့ရတာကတော့ ပုံထဲကဝတ်စုံကြောင့်ပါပဲ။ ခါးအထက်ထိ ခွဲထားတဲ့ဂါဝန်ကို ဝတ်လာပြီးမှ အတွင်းခံဘောင်းဘီဝတ်မထားတဲ့ ခရစ်စီကြောင့် မမြင်အပ်တာတွေဟာ ဖုံးမနိုင် ဖိမရ ပေါ်သွားခဲ့ရပါတယ်။

Source : Mirror

Share

Loading Next Article...
က္က