ဆံပင်ကို ပုံမှန်ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။
 

၁ - နေ့စဉ် မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ အဆီပြန်တဲ့ အသားအရေဆို နေ့စဉ် ကြိမ်ရေများများ သစ်ရမှာ ဖြစ်ပါတယ်။

၂ - သင့်အသားအရေနဲ့ အမှန်တကယ်သင့်လျော်တဲ့ မျက်နှာသစ်ဆေးကိုပဲ ရွေးထားဖို့လည်း လိုအပ်ပါတယ်။

၃ - အဆီပြန်တဲ့ အသားအရေရှိရင် တိုနာ သုံးရမှာ ဖြစ်ပါတယ်။

 

၄ - Moisturize ကိုလည်း အသုံးပြုပေးရမှာ ဖြစ်ပါတယ်

၅ - နေ့စဉ်အနည်းဆုံး ၈ နာရီ အပြည့်အဝအိပ်ပါ။ အိပ်ရေးပျက် မခံပါနဲ့။

၆ - မိတ်ကပ်မလိမ်းပေမဲ့ နေရောင်ခံခရင်မ်မျိုး လိမ်းပေးသင့်ပါတယ်။

၇ - သင်နဲ့ သင့်လျော်တဲ့ မျက်ခုံးမွှေး ပုံစံကို ရိတ်ထားပါ။

 

၈ - သင့်လျော်တဲ့ ဆံပင်ပုံစံကို ထားပါ။ ဆံပင်ဟာ ဒုတိယ မျက်နှာဖြစ်တာကြောင့် ဆံပင်နဲ့ပတ်သက်လို့ ငွေကြေးနဲ့ အချိန်ပေးဖို့ ဝန်မလေးပါနဲ့။ ဆံပင်ကို ပုံမှန်ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။

၉ - လက်သည်းခြေသည်းတွေကို သပ်ယပ်စွာ ညှပ်ထားပါ။

၁၀ - သင့်ကိုယ်သင် ယုံကြည်မှုရှိတဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။

 

၁၁ - အသီးအရွက် များများစားပေးပါ။ ဆားနဲ့ သကြားကို လျှော့စားပါ။

၁၂ - ရေများများသောက်ပါ။

၁၃ - တစ်ပတ် ငါးရက်လောက်တော့ လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က